ရူဒီဂါစီယာအား ဆော်ဒီအာရေးဘီးယားကလပ်အသင်း Al-Nassr မှ နုတ်ထွက်စေမည်ဟု အသင်းပိုင်ရှင်များက ဆုံးဖြတ်ခဲ့ကြောင်း သတင်းထွက်ပြီးနောက် ဂါစီယာ သည် Al-Nassr နည်းပြရာထူးမှ ထုတ်ပယ်ခံရလုနီး ဖြစ်နေသည်။

ပြင်သစ်သားသည် ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်သည့် ၎င်း၏အသင်းနှင့် အဝတ်လဲခန်းအတွင်း ဆက်ဆံရေးယိုယွင်းလာခြင်းက သူ့ထွက်ခွါမှုကို အရှိန်မြင့်စေပြီး ၎င်း၏ရာထူးမှ ချက်ချင်းထွက်ခွာမည်ဟု မျှော်လင့်ရသည်။
Al-Nassr သည် မကြာသေးမီက အဝေးကွင်းတွင် Al-Adalah ကို ၅-၀ ဖြင့်အနိုင်ရရှိပြီးနောက် ဆော်ဒီပရိုလိဂ်ထိပ်ပိုင်းနေရာသို သုံးမှတ်အကွာဖြင့် တက်သွားခဲ့သော်လည်း တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် ဧပြီ ၁၀) က Al Feiha နှင့် ၀-၀ သရေကျသောပွဲတွင် အဆိုပါစွမ်းဆောင်ရည်ကို မတည်ဆောက်နိုင်ခဲ့ပေ။

ဂါစီယာ သည် ၎င်း၏ ကစားသမားများ၏ စွမ်းဆောင်ရည်ကို မကျေမနပ်ဖြစ်ပြီး အဝတ်လဲခန်းအတွင်း ကလပ်၏ကြယ်ပွင့်များကို အချိန်ပြည့် စော်ကားခဲ့သည်ဟု ယူဆရသည်။ စပိန်အခြေစိုက် မီဲဒီယာများက သူသည် အရှေ့အလယ်ပိုင်းမှာ သူ့အခန်းကဏ္ဍကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပေါ်တူဂီလက်ရွေးစင် စီရော်နယ်ဒိုသည် ဂါစီယာ၏ နည်းဗျူဟာများကို မကျေမနပ်ဖြစ်နေကြောင်း မီဒီယာအချိုက လည်း ထပ်မံဖော်ပြခဲ့သည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဂါစီယာ သည် ယခုနွေရာသီတွင် မန်နေဂျာအဖြစ် စတင်တာဝန်ယူခဲ့သည်။ သူ့ရောက်ရှိလာမှုနောက်တွင် စီရော်နယ်ဒိုသည် ကလပ်အသင်း၏ ကြီးမားသောငွေကြေး (တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်း) ဖြင့် စာချုပ်ချုပ်ဆို သိမ်းပိုက်ခံခဲ့ရသည်။






