Saturday, February 7, 2026
spot_img
spot_img

တစ်နှစ်လုပ်ခ ပေါင်သန်း ၂၆၀ ဖြင့် ဆော်ဒီကလပ် အယ်လ်ဟီလာသို့ပြောင်းရွှေ့ရန် နီးစပ်နေသော မက်ဆီ

လက်ရှိဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော မက်ဆီသည် ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်သော အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ရန် ရှိနေကြောင်း အယ်လ်ဟီလာအသင်းက ကမ်းလှမ်းသည့် တစ်နှစ်ပေါင်သန်း ၂၆၀ တန်ကြေးရှိသည့် စာချုပ်ကို မက်ဆီက လက်ခံရန်ရှိနေကြောင်း စပိန်ရှိမီဒီယာများက  သတင်းဖော်ပြသည်။

အသက် ၃၅ နှစ်ရှိနေပြီဖြစ်သော ကမ္ဘာ့ဖလားဆုရှင်မက်ဆီသည် အသင်းဟောင်းဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ဆော်ဒီသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း အဆိုပါ သတင်းများက ဆက်လက်ဖော်ပြသည်။

အာရှချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်ရရှိထားသော အယ်လ်ဟီလာအသင်း၏ကမ်းလှမ်းမှုကို လက်ခံပြီး ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း မဟာပြိုင်ဘက် ရော်နယ်ဒိုကဲ့သို့ပင် ဆော်ဒီလိဂ်၌ ကစားရန် မက်ဆီသည် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းပင်  သတင်းများဆက်လက်ထွက်ပေါ်လာသည်။

မက်ဆီသည် ဆော်ဒီကလပ်အသင်းတွင် ဘာစီလိုနာမှ ကစားဖော်ဟောင်းများဖြစ်ကြသော ဘက်စကွတ် ဂျော်ဒီအယ်လ်ဘာတို့နှင့်လည်းပြန်လည်တွေ့ဆုံဖွယ်ရှိနေသည်။ မက်ဆီသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းမတိုးတော့ဘဲ ပြင်သစ်ကိုစွန့်ခွာမည်ဖြစ်ကြောင်းပြီးခဲ့သည့်တစ်ပတ်တွင် ၎င်း၏ဖခင်နှင့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မက်ဆီက ထုတ်ဖော်ကြေညာခဲ့သည်။ မက်ဆီသည် ပီအက်စ်ဂျီအသင်း၏ ခွင့်ပြုချက်မရဘဲ ဆော်ဒီသို့ ခရီးထွက်ခဲ့ခြင်းကြောင့်လည်း အသင်းမှ နှစ်ပတ်ပွဲပယ်ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ခံခဲ့ရသည်။ မက်ဆီသည် ထိုကိစ္စနှင့်ပတ်သက်၍ ပီအက်စ်ဂျီအသင်းကို တရားဝင်ပြန်လည် တောင်းပန်ခဲ့ခြင်းကြောင့် ယခုအခါအသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments