Tuesday, January 13, 2026
spot_img
spot_img

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွက် ရီးယဲလ်အသင်း၏ နံပါတ်(၁)ပစ်မှတ်မှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို ကြိုတင်သဘောတူညီမှုရယူရန်ဟု Marca သုံးသပ်

နာမည်ကျော် စပိန်မီဒီယာ Marca က လာမည့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွက် ရီးယဲလ်အသင်း၏ နံပါတ်(၁)ပစ်မှတ်မှာ လီဗာပူးလ်အသင်းမှ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ကြိုတင်သဘောတူညီမှု ရယူထားရန်ဖြစ်သည် ဟု သုံးသပ်ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနေသည့် အာနိုးလ်ကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ်များကတည်းက စိတ်ဝင်စားနေခြင်းဖြစ်ပြီး လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် အရခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ယခုနောက်ပိုင်းကာလများတွင် ထိပ်တန်းကစားသမားများအား စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ဆိုင်းကာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူမှုများ ပိုမိုပြုလုပ်လာသည့်အသင်းဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီတွင်လည်း PSG အသင်းမှ နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်။

Real Madrid have been interested in signing the Liverpool star

လက်ရှိအချိန်၌ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် အခြားကစားသမားများကိုလည်း ကြိုးပမ်းနေဆဲဖြစ်သော်လည်း အာနိုးလ်ကို ဦးစားပေးပစ်မှတ်အဖြစ် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဘောလုံးလောက၏ အကောင်းဆုံးညာနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် အာနိုးလ်ကလည်း လီဗာပူးလ်အသင်းကို စွန့်ခွာ၍ လစာငွေမြင့်မားစွာရရှိမည့် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန် လိုလားနေကြောင်း သိရသည်။

အာနိုးလ် (၂၆ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အခြားကလပ်အသင်းများနှင့် အပြောင်းအရွှေ့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရရှိမည်ဖြစ်ပြီး ကြိုတင်သဘောတူညီမှု ရယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်အသင်းက ၎င်းအား အခြားပြိုင်ဘက်အသင်းများထက် လက်ဦးမှုရယူနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments