Monday, February 9, 2026
spot_img
spot_img

ဇန်နဝါရီအပြောင်းအရွှေ့၌ စီရော်နယ်လ်ဒို၏နေရာ အစားထိုးရန် တိုက်စစ်မှူးသစ် မန်ယူအသင်း ရှာဖွေမည်ဖြစ်ပြီး ဗလာဟိုဗစ်နှင့် ဆက်စ်ကိုတို့ကို ပစ်မှတ်ထားနေ

မန်ယူအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏နေရာ အစားထိုးရန် တိုက်စစ်မှူးသစ် ရှာဖွေသွားမည်ဖြစ်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်နှင့် ဆာလ်ဇ်ဘာ့ဂ်တိုက်စစ်မှူး ဆက်စ်ကိုတို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်သည် အသင်းပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုခဲ့ဖူးသည့် စီရော်နယ်လ်ဒိုနှင့် လမ်းခွဲရန် စီစဉ်နေပြီဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ဖြစ်လာဖွယ်ရှိသည်။

ကစားသမား၏ ဆန္ဒကို အဓိကထားဆုံးဖြတ်သွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းရှိနေသည့်အတိုင်း နွေရာသီအထိလည်း ရောက်ရှိသွားနိုင်သည်။

သို့သော် ယင်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အစားထိုးရန် တိုက်စစ်မှူးကို ရှာဖွေနေပြီဖြစ်ရာ ဗလာဟိုဗစ်နှင့် ဆက်စ်ကိုတို့ မှာ တန်ဟက်ဂ်၏ ပစ်မှတ်ကစားသမားများဖြစ်နေကြောင်း ဗြိတိန်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်(၂၂ နှစ်)သည် ၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး (၄)နှစ်ခွဲစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။

သို့သော် ဂျူဗင်တပ်စ်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက ဗလာဟိုဗစ်ကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်သည် ဗလာဟိုဗစ်နှင့်အပြိုင် ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုကို ချိန်ရွယ်နေပြီး ၎င်းမှာလည်း လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်စ်ကို(၁၉ နှစ်)သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ ဆာလ်ဇ်ဘာ့ဂ်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း လိုက်ပ်ဇစ်အသင်းက သြဂုတ်လအတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် တန်ဟက်ဂ်က အဆိုပါလူငယ်တိုက်စစ်မှူးနှစ်ဦးထဲမှ တစ်ဦးကို အားဖြည့်ခေါ်ယူရန် ဆန္ဒရှိနေပြီး စီရော်နယ်လ်ဒိုသာ ဇန်နဝါရီအပြောင်းအရွှေ့တွင် လမ်းခွဲမည်ဆိုပါက ယင်းကာလမှာပင် ပြန်လည်အားဖြည့်ရန် လိုလားနေကြောင်းလည်း သိရသည်။

ထို့ပြင် တန်ဟက်ဂ်သည် လူငယ်တိုက်စစ်ကစားသမား ဂါနာချို၏ ခြေစွမ်းအပေါ် မူတည်၍ အသင်းမှ လူငယ်တိုက်စစ်ကစားသမားအချို့ကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း Express သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။

ဂါနာချိုသည် ဆန်ချို၊ ပယ်လစ်စထရီနှင့် အာမက်တို့ကို ဖိအားပေးနိုင်ဖွယ်ရှိနေပြီး ၎င်းသာ ပိုမို တိုးတက်လာပါက နေရာမပေးနိုင်သည့် တိုက်စစ်ကစားသမားအချို့ကို ရောင်းထုတ်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကစားသမား(၃)ဦးထဲ၌ ဆန်ချိုမှာ တန်ဖိုးကြီးပေးကာ ခေါ်ယူထားရသည့်ကစားသမားဖြစ်သလို၊ အသင်း၏ ဦးဆောင်ကစားသမားဖြစ်လာမည့်သူဟု ထင်ကြေးပေးခံခဲ့ရသူဖြစ်သော်လည်း မျှော်လင့်သလောက်ဖြစ်မြောက်လာခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် တန်ဟက်ဂ်က အသင်း၏တိုက်စစ်ပိုင်းကို ပြောင်းလဲပြင်ဆင်မှုများ ထပ်မံပြုလုပ်ရန် လိုလားနေခြင်းဖြစ်ပြီး မန်ယူအသင်းပရိသတ်များကမူ ဗလာဟိုဗစ်ကို ပိုမိုခေါ်ယူစေလိုကြကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments