Thursday, January 22, 2026
spot_img
spot_img

ဇန်နဝါရီဈေးကွက်အတွက် ပြင်ဆင်မှုများများ ရှိလာမည်ဟု အာတီတာအတည်ပြုပြောကြား

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် လှုပ်ရှားမှုများပြုလုပ်ရန် ပြင်ဆင်ထားကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဘူကာယိုဆာကာနှင့် ရာဟင်စတာလင်တို့၏ ဒဏ်ရာများကြောင့် အာတီတာမှ အထူးသဖြင့် တောင်ပံနေရာများတွင် အသင်းကို အားဖြည့်ရန်လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အစ်ဆွစ်နှင့်ပွဲမတိုင်မီ အာတီတာက “ဟုတ်ကဲ့၊ ပြင်ဆင်မှုပြီးပါပြီ။ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ အဆင်သင့်ပါပဲ။ ထင်ရှားတာက ဘူကာယိုနဲ့ ရာဟင်တို့ တစ်ချိန်တည်းမှာ ဒဏ်ရာပြဿနာကြုံရမယ်လို့ ကျွန်တော်တို့ မခန့်မှန်းခဲ့ပါဘူး။ ဥပမာအားဖြင့် ခံစစ်မှာ တစ်ခုခုဖြစ်ခဲ့ရင်ဆိုပြီးတော့ ခန့်မှန်းခဲ့ပါတယ်။

ဒါပေမယ့် အလုပ်က ပြီးပါပြီ။ ဒါဆိုရင် ကောင်းပြီ၊ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ လှုပ်ရှားပါမယ်။ ဒါပေမယ့် အဓိကအာရုံစိုက်မှုကတော့ ဒီအသင်းမှာရှိနေတဲ့ အလားအလာကို ဘယ်လိုဆွဲထုတ်သင့်လဲဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments