Tuesday, January 20, 2026
spot_img
spot_img

ဇန်နဝါရီဈေးကွက်အတွက် ပထမဆုံးခေါ်ယူမှုကို ပြုလုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းဟာ ဆလာဗီးယားပရာဟာအသင်းရဲ့ ဂိုးသမားဖြစ်သူ အန်တိုနင်ကင်စကိုင်းကို ပေါင် ၁၂.၅ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ စနေနေ့က လန်ဒန်သို့ရောက်လာပြီး ညနေပိုင်းမှာ ဆေးစစ်မှုခံယူခဲ့တာဖြစ်ပါတယ်။ ချက်လူငယ်ကစားသမားဟာ ပရီးမီးယားလိဂ်အသင်းနှင့် ၆ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ကင်စကိုင်ဟာ ဒီရာသီမှာ ဆလာဗီယာပါရာဂွီအတွက် လိဂ်ပွဲ ၁၉ ပွဲကစားထားပြီး clean sheet ၁၂ ပွဲရယူပေးထားပါတယ်။

“အန်တိုနင်ကင်စကိုင်းကိုခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ဝမ်းသာမိပြီး အလုပ်ပါမစ်အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ တော့တင်ဟမ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂိုးသမားဟာ ၂၀၂၃၁ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့ပြီး ကျောနံပါတ် ၃၁ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့တင်ဟမ်ဟာ ဂိုးသမားနေရာတွင် လိုအပ်ချက်ရှိနေတာဖြစ်ပြီး အသက် ၂၅နှစ်အရွယ် အော့စတင်က စနေနေ့က နယူးကာဆယ်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲဦးထွက်ခဲ့ပါတယ်။

Tottenham Hotspur said- We are delighted to have signed Anthony Kinski and are proceeding with the processing of his work permit.

ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ပထမဦးစားပေးဂိုးသမားဖြစ်တဲ့ ဗီကာစီယိုက ဖေဖော်ဝါရီလကုန်အထိ နားရတော့မှာဖြစ်ပါတယ်။ ကင်စကိုင်းဟာ ချက်အတွက်သက်တမ်းလိုက်အသင်းတွေမှာ ကစားပေးခဲ့တာဖြစ်ပြီး စီနီယာအသင်းအတွက်လည်း အရန်လူစာရင်းမှာ ပါဝင်နေပြီဖြစ်ပါတယ်။ သူဟာ ပထမဆုံးစီနီယာခေါ်ယူခြင်းခံရမှုအဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲတွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

ကင်စကိုင်းဟာ ဆလာဗီးယားပရာဟာသို့ ၂၀၂၁ ခုနှစ်တွင် ရောက်ရှိလာပြီး ဗက်ကိုဗ်နှင့် ပရာဒူဘီသို့ အငှားသွားရောက် ကစားခဲ့ဖူးတာဖြစ်ပါတယ်။ သူဟာ ချက်လက်ရွေးစင်အသင်းရဲ့ဂိုးသမားဟောင်းရဲ့ သားလည်းဖြစ်ပါတယ်။ ကင်စကိုင်းရဲ့ရောက်ရှိလာမှုဟာ ဒဏ်ရာရကစားသမားများနေတဲ့ ပိုစတီကိုဂလူရဲ့အသင်းအတွက် အားတက်စရာဖြစ်ပါတယ်။ စနေနေ့ နယူးကာဆယ်နှင့်ပွဲမှာတော့ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်ရဲ့ ၁၀ပွဲမြောက်ရှုံးပွဲကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အသင်ဟာ အဆင့် ၁၂ အထိ ကျဆင်းသွားခဲ့ပြီး နောက်ဆုံး ၈ ပွဲကနေ ၅ မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ တော့တင်ဟမ်ဟာ လီဗာပူးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်မှာတော့ non league ကလပ် တမ်ဝပ်နှင့် ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ မြို့ခံပြိုင်ဘက် အာဆင်နယ်နှင့် ကစားရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments