Wednesday, November 5, 2025
spot_img
spot_img

ဇင်ချန်ကို ရဲ့ ငယ်ဘဝ အိပ်မက် ကို ဖြည့်ဆည်းပေးလိုက်တဲ့ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး

ဇင်ချန်ကို ရဲ့ ဦးဆောင် စီစဉ်မှု နဲ့ အတူ All-Star အသင်း၂ သင်းဟာ ဩဂုတ်လ ၅ ရက်နေ့ တွင် စတမ်းဖိုဒ့်ဘရစ်ချ် ကွင်းမှာ Game4Ukarine လို့ အမည်တပ်ထားတဲ့ ရန်ပုံငွေ ပွဲ ကစားကြမှာပါ ။ ရန်ပုံငွေ ပွဲ က ရလာတဲ့ ငွေကြေးတွေကို စစ်ဒဏ်သင့် ယူကရိန်းနိုင်ငံ က အရပ်ဒေသတွေထံ တိုက်ရိုက် ထောက်ပံ့ ကူညီ ပေးသွားမှာ ဖြစ်ပါတယ် ။

အသင်း ၁ သင်းကို ဇင်ချန်ကို က ဦးဆောင်မှာ ဖြစ်ပြီး ကျန်အသင်း ၁ သင်းကို​တော့ ရှက်ဗ်ချင်ကို က ဦးဆောင်မှာပါ ။ ဇင်ချန်ကို ဦးဆောင်မယ့် အသင်းကို နည်းပြပေးမယ့်သူကတော့ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးဖြစ်ပါတယ် ။

ဇင်ချန်ကို ကတော့ talkSport နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းမှာ ကစားရဖို့ နှင့် နည်းပြကြီး အာဆင်ဝင်းဂါး လက်အောက်မှာ ကစားရဖို့ဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက် ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။ “တကယ့်ကို အံ့ဖွယ်ပါပဲဗျာ ၊ ကျနော်တို့ အသင်းကို join ပေးတဲ့ အတွက် သူ(အာဆင်း) ကို ကျေးဇူး အကြီးကြီး တင်မိပါတယ် ။ ”

” ကျနော့်ရဲ့ ငယ်ဘဝ အိပ်မက် က အာဆင်နယ် အသင်း ကစားသမား ဖြစ်ဖို့ပါ ၊ အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် ကို ကြည့်ပီး ကြီးပြင်းလာခဲ့ရသူဖြစ်တော့ သူ့ အသင်းမှာ ကျနော် အမြဲတမ်း ကစားချင်ခဲ့ပါတယ် ၊ အခုတော့ အာဆင်း ကို ကျနော့်ရဲ့ မန်နေဂျာ အဖြစ် မြင်တွေ့ခွင့်ရမယ့် အခွင့်အရေး ရလာခဲ့ပါပြီ ။ ”

” ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက သူ အမ်းမရိတ်မှာ အာဆင်နယ် ပွဲ တစ်ပွဲကို လာကြည့်တော့ ကျနော် သူနဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ ဘောလုံးအကြောင်းတွေ ပြောဖြစ်ခဲ့သလို အာဆင်နယ် က ကျနော့်ကို ခေါ်ဖို့ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေက မှန်ရဲ့လားလို့ သူ့ကို မေးဖြစ်ခဲ့ပါတယ် ၊ ကျနော့် မေးခွန်းကို သူက အဲ့ဒီ သတင်းက မှန်ကြောင်း ပြန်ဖြေ ခဲ့ပါတယ် ။ ”

” အသက် ၁၇ နှစ် အရွယ်မှာ အာဆင်နယ် အသင်းကို ပြောင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဒီဘက်နှစ်မှပဲ တကယ် ပြောင်းဖြစ်ခဲ့တယ် ဆိုရမှာပေါ့ဗျာ ။ သူက သက်ရှိ ထင်ရှား ရှိနေတဲ့ ဂန္တဝင်ကြီး တစ်ဦးပါ ၊ သူ့ကို မြက်ခင်းပြင်ထက်မှာ နောက်ထပ် တစ်ဖန် မြင်တွေ့ခွင့်ရတော့မှာက တကယ့်ကို ကျေနပ် ဝမ်းသာစရာပါပဲဗျာ ။ ”

” တစ်ကမ္ဘာလုံးက လူတိုင်းက အာဆင်းအပေါ် လေးစားမှု အများကြီး ရှိကြပါတယ် ၊ သူက ယူကရိန်း ကို အားပေး ထောက်ခံတယ် ဒီလိုပွဲကစားတဲ့ idea ကို အားပေးတယ်ဆိုတာ အားလုံး မြင်ရတော့မှာပေါ့ဗျာ ၊ သူ့လို ဂန္တဝင်ကြီးက support တော့ နောက်ကနေ လိုက် support မယ့်သူတွေလည်း အများကြီး ရှိလာမှာ အသေအချာပါပဲ ။ ဒါက သိပ်ကို ကောင်းမယ့် အရာပါ ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments