Wednesday, January 14, 2026
spot_img
spot_img

ဇက်ခ်ဇီကို ယူနိုက်တက်မှာဆက်ထားဖို့ မသေချာကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အီတလီကလပ် ဂျူဗင်တပ်စ်ရဲ့စိတ်ဝင်စားမှုကို ရရှိနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ဂျိုးရှူးဝါးဇက်ခ်ဇီရဲ့အနာဂတ်ဟာ သေချာမှုမရှိကြောင်းနဲ့ ကစားသမားကို ဇန်နဝါရီဈေးကွက်မှာပဲ ရောင်းချသွားဖို့အလားအလာရှိနေကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုလော့ဂ်နာမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် အာမိုရင်လက်ထက်မှာတော့ ခြေစွမ်းပြဖို့ဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ တန်ဟက်လက်ထက်မှာ ယူနိုက်တက်အတွက် သိသိသာသာအလုပ်မဖြစ်ခဲ့သလို၊ အာမိုရင်လက်ထက်မှာလည်း နေရာရဖို့အတွက်ပင် တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။

Manchester United manager Reuben Amorim hints at uncertainty over striker Joshua Michael Zachary's future

သတင်းတွေအရ ဇက်ခ်ဇီဟာ သူအောင်မြင်ခဲ့တဲ့နေရာဖြစ်တဲ့ အီတလီမြေသို့ပြန်လည်အခြေချဖို့ အလားအလာများနေပြီး ဂျူဗင်တပ်စ်နဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ တိုက်စစ်ပိုင်း ဂိုးသွင်းယူဖို့ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်အနေနဲ့ နယ်သာလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ပစ်မှတ်ထားနေသော်လည်း အငှားစာချုပ်နဲ့သာ ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အီတလီကလပ်ဟာ အသင်းရဲ့တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည်ရောင်းချပြီး ဇက်ခ်ဇီကိုအပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်တယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။

ယခုအခါမှာ ဇက်ခ်ဇီကို ယူနိုက်တက်မှာ ဆက်လက်ထိန်းသိမ်းဖို့ မသေချာတဲ့အကြောင်းကို အာမိုရင်က “ကျွန်တော့်အနေနဲ့ ဇက်ခ်ဇီကို အသင်းမှာဆက်လက်ထိန်းသိမ်းထားချင်ပါတယ်။ သူက အသင်းအတွက် အရာအားလုံးပေးဆပ်ဖို့ အဆင်သင့်ရှိနေသလို၊ လေ့ကျင့်ရေးကွင်းမှာလည်း အလုပ်ကြိုးစားနေပါတယ်။ဒါပေမယ့် ဘာတွေဖြစ်လာမလဲမသိသေးပါဘူး။ အပြောင်းအရွှေ့ဈေးကွက်က ဖွင့်လှစ်နေပြီဖြစ်ပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတော့ လေ့ကျင့်ရေးအစီအစဉ်တွေက စွမ်းဆောင်ရည်တွေအပေါ်အာရုံစိုက်ပြီး နောက်ပွဲအတွက် ဘယ်ကစားသမားတွေကို အသုံးပြုရမလဲ စောင့်ကြည့်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဇက်ခ်ဇီကို ဂျူဗင်တပ်စ်သာမက အခြားအီတလီအသင်းတွေကလည်း စောင့်ကြည့်မှုတွေပြုလုပ်ထားကြပေမယ့် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးသတ်ထွက်ခွာမယ့်အစား အငှားစာချုပ်နဲ့သာထွက်ခွာဖို့ ပိုမိုဖြစ်နိုင်ချေရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments