Saturday, February 7, 2026
spot_img
spot_img

ဆွစ်ဇာလန် အသင်း ကို အနိုင်ရတဲ့ပွဲမှာ အသင်းဖော် ကစားသမား တစ်ဦးကို ” ကမ္ဘာ့ အကောင်းဆုံး ” လို့ ချီးကျူးလိုက်တဲ့ နေမာ

ဘရာဇီး အသင်း ရဲ့ ကြယ်ပွင့် နေမာ က ဆွစ်ဇာလန် အသင်း ကို အနိုင် ရတဲ့ ပွဲမှာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းယူ ပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စမီရို ကို ချီးကျူး သွားခဲ့ပါတယ် ။

ပွဲပြီးခါနီးမှာ ၇ မိနစ် မှာ သွင်းယူခဲ့တဲ့ ကတ်စမီရို ရဲ့ Half Volley ကန်ချက် သွင်းဂိုး နဲ့ ဘရာဇီး တို့ဟာ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်ပါတယ် ။ ကတ်စမီရို ဟာ ဆားဘီးယား ကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ကွင်းလယ်မှာ ခြေစွမ်းပြ ကစား နိုင်ခဲ့ပြီး ဒုတိယပွဲမှာတော့ အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုးကိုပါ သွင်းနိုင်ခဲ့တာပါ ။

ဆွစ်ဇာလန် ကို နိုင်ပြီး နောက်တစ်ဆင့် တက်သွားချိန်မှာတော့ ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ သူ့ရဲ့ တွစ်တာ အကောင့်မှာ ” ကတ်စမီရို က ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ် ရပ်တည်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ ။ ” လို့ ရေးသား ချီးကျုး သွားခဲ့ပါတယ် ။

ပီအက်စ်ဂျီ စတား နေမာ ဟာ ဆားဘီးယား နဲ့ အဖွင့်ပွဲက ဒဏ်ရာကြောင့် ဘရာဇီး အသင်း ရဲ့ လက်ကျန် အုပ်စု နှစ်ပွဲ စလုံးမှာ ပါဝင် ကစားနိုင်မှာ မဟုတ်ဘဲ ၁၆ သင်း ရှုံးထွက် အဆင့် မှပဲ ပြန်လည် ကစားပေးနိုင်ဖို့ ရှိနေပါတယ် ။

ဘရာဇီး အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲ ဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေပါတယ် ။ ဆွစ်ဇာလန် နဲ့ ပွဲ က အနိုင်ဂိုးရှင် ကတ်စမီရို ကတော့ ဒီနှစ် ဘရာဇီး အသင်း လူစာရင်း ဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ပြောကြား လိုက်ပါတယ် ။

” လေးနှစ် ကြာသွားတဲ့ အချိန်မှာ ကျနော်တို့ အသင်းကို ကစားသမားသစ်တွေ ရောက်လာကြပါတယ် ။ ဒီနှစ်မှာ ကစားသမား အင်အား က ပိုပြီး ကျယ်ပြန့် ကောင်းမွန် ပါတယ် ၊ ကျနော်တို့ ကစားကွက်တွေ ပြောင်းလဲပြီး ကစားနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ် ။ ”

” ကစားသမားတွေ အပြောင်းအလဲ လုပ်ဖို့ အတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ် ။ ၂၀၁၈ ခုနှစ်တုန်းက ကစားသမား ရွေးချယ် စရာ ပိုများပြားတာ မှန်ပါတယ် ၊ ရာသီ ဥတုကလည်း ကျနော်တို့ဘက်မှာ ရှိနေခဲ့ပါတယ် ။ ”

” ဒါပေမယ့် အဲ့ဒီတုန်းက ကျနော်တို့ အချိန် သိပ်မရခဲ့ပါဘူး ၊ ပြိုင်ပွဲ ကစားဖို့ အသင်း လူစာရင်းကို အချိန်တို အတွင်း ဖန်တီး တည်ဆောက်ခဲ့ရတာပါ ။ ဒီနှစ်မှာတော့ မျက်နှာသစ် လူငယ် ကစားသမားလေးတွေ ပါဝင်လာပြီး သူတို့ အလုပ် သူတို့ အကောင်းဆုံး လုပ်နေကြပါတယ် ။ ”

” နောက်တန်းကလည်း အတွေ့အကြုံ ပိုရှိလာကြပါပြီ ၊ ကျနော် နောက်ထပ် ပွဲတစ်ပွဲကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ် ၊ ဂိုးမပေးရတာက အယ်လီဆွန် နဲ့ နောက်တန်း ကြောင့်ပဲ မဟုတ်ပါဘူး ၊ အထောင်တိုက်စစ်မှာ ကစားနေတဲ့ ရစ်ချာလီဆင် ကနေ အစပြုတယ်လို့ ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments