
ယမန်နေ့ က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်တွေမှာတော့ အားလုံး အံ့အားသင့်ရတဲ့ ပွဲတပွဲ ပါလာခဲ့ ပါတယ် ။ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး တသင်း ဖြစ်တဲ့ အာဂျင်တီးနား ဟာ အိမ်ဖြည့် အသင်းလို့ သတ်မှတ် ထားတဲ့ ဆော်ဒီအာရေဗျ ကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အာဂျင်တီးနား အတွက် မက်ဆီ က ပင်နယ်တီ ကနေ ဂိုးသွင်းပေး ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆော်ဒီ က ၂ ဂိုး ပြန်သွင်းပြီး အံ့ဖွယ် နိုင်ပွဲ ကို ယူဆောင်ခဲ့တာ ဖြစ်ပါတယ် ။


အခြားပွဲစဉ်တွေမှာတော့ ဒိန်းမတ် နဲ့ တူနီးရှား ၊ ပိုလန် နဲ့ မက္ကဆီကို တို့ ဂိုးမရှိသရေ ရလဒ်တွေ ထွက်ပေါ် ခဲ့ကြပါတယ် ။

လက်ရှိချန်ပီယံကြီး ပြင်သစ်ကတော့ အဖွင့်ပွဲမှာ ဩစတြေးလျ ကို ၄-၁ နဲ့ အနိုင် ကစားသွားခဲ့ပါတယ် ။ ပြင်သစ် အတွက် ဂျီရူး က ၂ ဂိုး သွင်းပေးခဲ့ပြီး ရာဘီယော့ နဲ့ ဘာပေ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။






