Tuesday, January 13, 2026
spot_img
spot_img

ဆော်ဒီပရိုလိဂ်အသင်းအချို့နှင့် ဆွေးနွေးမှုရှိခဲ့သော်လည်း မန်စီးတီးအသင်းတွင်သာ ဒီဘရိုင်းနား ဆက်နေဖြစ်ဖွယ်ရှိနေ

မန်စီးတီးအသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကီဗင်ဒီဘရိုင်းနား၏ အကြံပေးများသည် ဒီဘရိုင်းနား၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆော်ဒီပရိုလိဂ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒီဘရိုင်းနားသည် လာမည့်ရာသီတွင် မန်စီးတီးအသင်းတွင်သာ ဆက်ကစားဖြစ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

ကီဗင်ဒီဘရိုင်းနားအား ယခုရာသီ ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်ဟီလယ်အသင်းက အသည်းအသန် အလိုရှိနေသလို အခြားအသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

ဒီဘရိုင်းနား၏ အကြံပေးများသည် အခြေအနေအရပ်ရပ်ကို နားလည်ရန်အတွက် တွေ့ဆုံစကားပြောခဲ့ခြင်းဖြစ်သော်လည်း ဒီဘရိုင်းနားကမူ ငွေကြေးမြောက်မြားစွာရမည်ဖြစ်သည့်တိုင် မန်စီးတီးအသင်းတွင်သာ ဆက်ကစားလိုနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဆော်ဒီပရိုလိဂ်အသင်းများသည် ဒီဘရိုင်းနားအပြင် ဗင်နီစီယပ်စ်ဂျူနီယာ၊ မာတင်နယ်လီ၊ လူးကပ်စ်ပါကေတာတို့ကဲ့သို့ ကစားသမားများကိုပါ ပစ်မှတ်ထားနေသည်ဟုလည်း သတင်းများ ထွက်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments