ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ နောက်ခံလူဟောင်းနှင့် အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂျွန်တယ်ရီသည် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘက်အသင်းကို နည်းပြအဖြစ် ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အသက် (၄၂) နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျွန်တယ်ရီအား အယ်လ်ရှာဘက်အသင်းက နည်းပြအဖြစ် ခန့်အပ်ရန်အတွက် ပြီးခဲ့သည့် လကတည်းက စတင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဂျွန်တယ်ရီက လက်ခံလိုက်ခြင်းလည်းဖြစ်သည်။

အယ်လ်ရှာဘတ်အသင်းသည် ဆော်ဒီပရိုလိဂ်၏ ထိပ်တန်းအသင်းများထဲတွင် မပါဝင်သော်လည်း ဂျွန်တယ်ရီရောက်ရှိလာခြင်းဖြင့် ကြယ်ပွင့်ကစားသမားများကို ဆွဲဆောင်နိုင်ရန်မျှော်လင့်နေသည်။






