Wednesday, January 14, 2026
spot_img
spot_img

ဆောက်သမ်တန် နဲ့ သရေကျခဲ့တဲ့ ပွဲက အာဆင်နယ် နောက်ခံလူရဲ့ စွမ်းဆောင်ရည် ကို ဝေဖန် ပြစ်တင်လိုက်တဲ့ ဂန်းနား ဂန္တဝင်

အာဆင်နယ်တို့ ဆောက်သမ်တန် အသင်း နဲ့သရေကျပြီး အမှတ်ထပ်လျော့ ခဲ့ရတဲ့ ပွဲအပြီးမှာ ဂန်းနား ဂန္တဝင် လီးဒီဇွန် ဟာ ဇင်ချန်ကို ဟာ စွမ်းဆောင်ရည် အပေါ် ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲကို ဒဏ်ရာကြောင့် လွဲချော် ခဲ့တဲ့ ဇင်ချန်ကို ဟာ ဒီမနက် ဆောက်သမ်တန် နဲ့ ပွဲ ပွဲထွက် လူစာရင်းမှာ ပြန်လည် ပါဝင် လာခဲ့ပါတယ် ။

အာဆင်နယ် နှင့် ဆောက်သမ်တန် ၃ ဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ လီးဒီဇွန် က ” ပေးလိုက်ရတဲ့တတိယဂိုးမှာ ဇင်ချန်ကို ကို ကြည့်ကြည့် စမ်းပါဗျာ ။ သူ လူကပ် ကစားရမယ့် ကစားသမားလည်း ရှိတယ် ၊ သူကိုယ်တိုင်လည်း မျက်ခြေမပြတ် ကြည့်ပီး လိုက်ကပ် ထားရဲ့သားနဲ့ ဘောလုံးလည်း ကန်တင်လိုက်ရော သူက ဘယ်ချောင်မှာ သွားအိပ်နေသလဲ မသိပါဘူးဗျာ ။ ”

” သူက သိပ်တော် သိပ်ကောင်းတဲ့ နောက်ခံလူ တစ်ဦးတော့ မဟုတ်ပါဘူး ။ သူ ဘောလုံး ကိုင်ကစားတာ ကောင်းတာ လက်ခံပါတယ် ၊ အာဆင်နယ် က သူ့ရဲ့ အားသာချက် ကို အသုံးပြုပြီး ကစားနေရတာလည်း မှန်ပါတယ် ၊ ဒါပေမယ့် အသင်း ဘောလုံး မကိုင်ထားနိုင်ချိန်မှာ သူ ကစားတာ အဆင်မပြေပါဘူး ။ ”

” အန်ဖီးလ် မှာ လီဗာပူး နဲ့ ကစားခဲ့ရတဲ့ ပွဲတုန်းက တစ်ကြိမ် ဖြစ်ခဲ့ပြီးပါပြီ ၊ ခုနောက်ထပ် တစ်ကြိမ် ထပ်ဖြစ်ပြန်ပါပြီ ၊ သူ့အနေနဲ့ နောက်ခံလူ တစ်ဦးလိုမျိုး နိုးကြွ တက်ကြွနေဖို့ လိုပါတယ် ၊ ကွင်းလယ်ကို ဝင်ကစားသည် ဖြစ်စေ ဝင်မကစားသည် ဖြစ်စေပေါ့ဗျာ ၊ ကိုယ့်အသင်း ဂိုးပိုက်ထဲ ဘောလုံး မဝင်အောင် လုပ်ရမယ့် တာဝန် ကိုယ့်မှာ ရှိတယ်ဆိုတာ သိထားရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments