Monday, February 9, 2026
spot_img
spot_img

ဆောက်ဂိတ်ရဲ့လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်မရလို့ မကျေနပ်ဖြစ်နေတဲ့ စတားလင်း

အင်္ဂလန်အသင်းတွင်ပါဝင်ခွင့်မရသည့်အတွက် ချဲလ်ဆီးအသင်းတိုက်စစ်မှူး စတားလင်း မပျော်ရွှင်ဖြစ်နေသည်ကို သိရှိကြောင်း မန်နေဂျာဆောက်ဂိတ်က ပြောဆိုလိုက်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ စတားလင်းသည် အင်္ဂလန်လက်ရွေးစင် အသင်းတွင် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။ အင်္ဂလန်အသင်းတွင် ၈၂ ကြိမ်ပါဝင်ကစားထားသော စတားလင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြင်သစ်အသင်းကို ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ပြီးနောက်ပိုင်း အသင်းတွင် ပါဝင်ကစားခွင့်ရခြင်းမရှိသေးချေ။

စတားလင်းသည် ပြီးခဲ့သည့်မတ်လက အင်္ဂလန်အသင်းပါဝင်ကစားသည့်ပွဲစဉ်များကို ဒဏ်ရာကြောင့်လွဲချော်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ပုံမှန်ခြေစွမ်းမပြနိုင်သော စတားလင်းသည် ပေါင်ကြွက်သား ဒဏ်ရာကို ပြန်လည်သက်သာရန်နှင့် ပုံမှန်ကြံ့ခိုင်မှု ရရန်လည်း ရုန်းကန်နေရသည်။

ဆောက်ဂိတ်သည် စက်တင်ဘာလအတွင်းကစားမည့် ယူကရိန်း နှင့် ယူရို ၂၀၂၄ ခြေစစ်ပွဲ ပွဲစဉ်၊ စကော့တလန်နှင့်ကစားမည့် ခြေစမ်းပွဲ ပွဲစဉ်များအတွက် ရွေးချယ်ထားသည့် လက်ရွေးစင်လူစားရင်းတွင် စတားလင်းကို ထည့်သွင်းရွေးချယ်ထားခြင်း မရှိချေ။

“လက်ရှိ အင်္ဂလန်အသင်းလူစာရင်းကို ကျေနပ်ပါတယ်။ စတားလင်းကို ရွေးချယ်ရင် ဒီအုပ်စုထဲက တစ်ယောက်ကို ချန်ထားခဲ့ရမှာ ဖြစ်ပါတယ်။ အခုရွေးထားတဲ့ လူစာရင်းထဲက ဘယ်သူ့ကို မှ ချန်ထားခဲ့တာမျိုး မဖြစ်ချင်ပါဘူး။ အခုရာသီအစမှာ စတားလင်း ခြေစွမ်းကောင်းနေတာကို ကျွန်တော်ဝမ်းသာရပါတယ်။ သူက ကြံ့ခိုင်မှုအပြည့်ရှိနေပြီး အနိုင်ပွဲအတွက် ဆာလောင်နေတယ်လို့ ထင်ပါတယ်။ စတားလင်းက အင်္ဂလန်အသင်းအတွက် ရေးပါတဲ့ ကစားသမားဖြစ်သလို နောင်မှာလည်း အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းမှာ နံပါတ် ၉ နေရာမှာ ကစားနိုင်တဲ့ ကစားသမားကောင်းတွေ အများကြီး ရှိတဲ့အတွက် စတားလင်းအသင်းမှာ ပါဝင်ခွင့်ရရေးက ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်”ဟု ဆောက်ဂိတ်က စတားလင်းနှင့်ပတ်သက်၍ ပြောဆိုလိုက်သည်

စတားလင်းသည် ချဲလ်ဆီး၏ ရာသီအစပွဲစဉ်သုံးပွဲစလုံးတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး နှစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားနိုင်သည်။ မန်ယူ နောက်တန်းလူ မက်ဂွိုင်းယားနှင့် မန်စိးတီးကွင်းလယ်လူ ကယ်ဗင်ဖိလစ်တို့သည် သက်ဆိုင်ရာကလပ်အသင်းများအတွက် တစ်ပွဲမျှ ပါဝင်ကစားရခြင်းမရှိသေးသော်လည်း လက်ရွေးစင်အသင်းတွင်ထည့်သွင်း ရွေးချယ်ခြင်း ခံထားရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments