Tuesday, January 20, 2026
spot_img
spot_img

ဆီဗီးလား နဲ့ ပွဲမှာ ရာယာ နှင့် ရမ်စ်ဒေးလ် ဘယ်သူ့ကို ပွဲထွက် အသုံးပြုမလဲ ဆိုတာ အရိပ်အမြွက်ပေးလာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က ဒီကြားရက်မှာ ကစားမယ့် ဆီဗီးလား အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲမှာ ဒေးဗစ်ရာယာကို ဆက်လက် အသုံးပြု သွားမှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပါတယ် ။

စပိန် လက်ရွေးစင် ဒေးဗစ်ရာယာ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ အမှားတစ်ချို့ ရှိခဲ့ပြီး ချဲလ်ဆီး အသင်း ရရှိ ခဲ့တဲ့ ဒုတိယဂိုး က ရာယာ ရဲ့ပေါ့ဆမှုကြောင့် ပေးလိုက်ရတာ ဖြစ်ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂိုးသမားနေရာအတွက် ပြိုင်ဆိုင်မှု ရှိအောင် ဘရန့်ဖိုဒ့် အသင်းကနေ ဒေးဗစ်ရာယာကို အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ ခေါ်ယူ ခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ရာယာ ရောက်လာချိန်မှာ ရှိရင်းစွဲ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ကို အရန်ခုံ ပို့ပြီး ရာယာ ကို ပွဲထွက် အသုံးပြု ခဲ့ပါတယ် ။ ရာယာ ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲ အထိ ပွဲထွက် ကစားခွင့် ရထားပါတယ် ။ ဒါပေမဲ့ နောက်ပိုင်း တွေမှာ ရာယာ အမှားများလာတာကြောင့် ရမ်စ်ဒေးလ် ပွဲထွက်ခွင့် ပြန်ရနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ် ။

ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် ပရိသတ်တွေဟာ ဇနီးဖြစ်သူ မီးဖွားတာကြောင့် ပါဝင် ကစားနိုင်ခြင်း မရှိတဲ့ ရမ်စ်ဒေးလ် ရဲ့ နာမည်ကို အော်ဟစ် သီဆို ခဲ့ကြပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဆီဗီးလား နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂိုးသမား တစ်ဦး တစ်ပွဲလောက် မကောင်းတာနဲ့ ပွဲထွက် လူစာရင်းကနေ ဖယ်ရှား သွားမှာ မဟုတ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အမှား ဆိုတာက ဘောလုံး အားကစား ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ ၊ အမှား လုပ်မိတယ် ဆိုတာမျိုးက ဖြစ်တတ်ပါတယ် ၊ နောက်ခံလူတွေ တိုက်စစ်မှူးတွေ ဂိုးသမား‌တွေ အားလုံး အမှား လုပ်ဖူးကြတာပါပဲ ။ အမှားလုပ်တိုင်း လူစာရင်း ကို အပြောင်းအလဲ လုပ်နေမှာ မဟုတ်ပါဘူး ၊ မနက်ဖြန်ကျရင် line-up ဘယ်လို ထွက်လာမလဲ ခင်ဗျားတို့ တွေ့ရမှာပါ ။ ” လို့ ဆိုပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments