မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းထံမှ ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူထားသည့် သြစတြီးယားကွင်းလယ်ကစားသမား ဆာဘစ်ဇာကို ရာသီကုန်တွင် အပြီးသတ်ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ရာသီကုန်ခါနီးအထိ အနားပေးရမည်ဖြစ်၍ အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဆာဘစ်ဇာကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခေါ်ယူရာတွင် အပြီးသတ်စာချုပ်ရန် သဘောတူညီချက် ပါဝင်ခြင်းမရှိသော်လည်း ဆာဘစ်ဇာသာ ခြေစွမ်းပြနိုင်ခဲ့ပါက အပြီးသတ်ခေါ်ယူသွားရန် စီစဉ်လာခြင်းဖြစ်ကြောင်း ESPN က ဖော်ပြခဲ့သည်။
ဆာဘစ်ဇာ(၂၈ နှစ်)ကလည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲရန် ဆန္ဒရှိနေကြောင်း သိရသည်။






