အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာသည် အသင်း၏ လစာအများဆုံးကစားသမားဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဆာကာကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ပြီးခဲ့သည့်ရာသီကုန်ကတည်းက ကြိုပမ်းနေခြင်းဖြစ်သည်။

လက်ရှိ ဆွေးနွေးညှိနှိုင်းမှုများအရ ဆာကာအနေဖြင့် အသင်း၏ လစာအများဆုံးကစားသမားဖြစ်စေသည်အထိ လစာနှုန်းထားကို တိုးမြှင့်ပေးရဖွယ်ရှိနေကြောင်း သိရသည်။

အာဆင်နယ်အသင်းက တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း အဆိုပါစာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဆာကာသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၃) ဂိုး သွင်းယူထားသည်။






