မန်ချက်စတာစီးတီး အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျက်ဂရီးလစ်ရှ် က သူ့ရဲ့ အသင်းဖော်ဟောင်း အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ဟာ ကောင်းသလောက် အရမ်းကြီး မထင်ပေါ် မကျော်ကြားတဲ့ underrated ကစားသမား တစ်ဦး ဖြစ်တယ်လို့ Athletic Club Momento မှာ ပြောကြား သွားခဲ့ပါတယ် ။

” ဂျေးဇု နဲ့ ကစားခဲ့ဖူးတဲ့ ဘယ်သူ့ကို မဆို မေးကြည့်ရင် သိပါလိမ့်မယ် ၊ အခုတော့ သူ့ကို အရင်ကထက် ပိုပီး အသိအမှတ်ပြု ချီးကျူး နေကြပါပြီ ၊ သူက အာဆင်နယ် ရဲ့ အဓိက ကစားသမား ဖြစ်နေပါပြီ ၊ လေ့ကျင့်ရေး ကွင်းမှာဆို သူက တကယ့်ကို ကြောက်စရာ ကောင်းတဲ့ ကစားသမားပါ ။ ”
” ကျနော် သူ့အကြောင်း ဘူကာရို ဆာကာ နဲ့ camp မှာတွေ့တော့ ပြောဖြစ်ခဲ့ပါသေးတယ် ၊ ဆာကာ ဆို ‘ ဂျက်ရေ ၊ သူ(ဂျေးဇု) က မယုံနိုင်လောက်အောင် ကောင်းတဲ့ သူပါကွာ ‘ ဆိုပြီး ဖြစ်နေတာပါ ။ သူက ပါဝါ နှင့် Skill နှစ်ခုကို ကောင်းကောင်း ရောစပ်ထားနိုင်တဲ့ ကစားသမား တစ်ဦးပါ ၊ သူက သိပ်ကို ချစ်စရာလည်းကောင်းပါတယ် ၊ ဒါပေမယ့် သူက ပွဲကစားတဲ့ အချိန်တိုင်း ဆာလောင်မှု အပြည့် နိုင်လိုစိတ် အပြည့်နဲ့ ကစားသူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂါဘရီရယ် ဂျေးဇု ဟာ ဒီရာသီ မှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားထားပြီး ၉ ဂိုး သွင်း ၅ ဂိုး ဖန်တီး ပေးထားပါတယ် ။ ဂျေးဇု ဟာ ကမ္ဘာ့ဖလား မှာ ဘရာဇီး အတွက် ကစားရင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလအတန်ကြာ အနားယူ ခဲ့ရပါသေးတယ် ။







