Monday, February 9, 2026
spot_img
spot_img

ဆာကာ၏ခြေစွမ်းနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲနိုင်မှုကို ဆောက်ဂိတ် ချီးကျူးခဲ့ပြီး ကွင်းလယ်လူ ဖိုဒန် အူအတက်ခွဲစိတ်မှုကြောင့် တစ်လခွဲခန့် အနားယူရဖွယ်ရှိ

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က လူငယ်ကြယ်ပွင့်ကစားသမား ဆာကာ၏ ယုံကြည်မှုရှိရှိ ကစားနိုင်ပုံနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်မှုတို့ကို ချီးကျူးပြောကြားခဲ့သည်။

အသက် ၂၁ နှစ် ၂၀၂ ရက်သာရှိသေးသည့် တောင်ပံကစားသမား ဆာကာသည် အင်္ဂလန်အသင်းအတွက် ရှစ်ဂိုး သွင်းယူပေးထားပြီး အာဆင်နယ်နှင့် အင်္ဂလန်အသင်းတွင် နောက်ဆုံးပါဝင်ကစားသည့် ၃၄ ပွဲ၌ ဂိုးပါဝင်ပတ်သက်မှု ၂၃ ဂိုး (သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်) အထိ ရှိနေပြီဖြစ်သည်။

ဆာကာသည် ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ အဆုံးအဖြတ်ပယ်နယ်တီလွဲချော်မှုကြောင့် လူမျိုးရေးခွဲခြားမှုအပြင် ဝေဖန်မှုများ ပြင်းထန်စွာခံခဲ့ရသော်လည်း လက်ရှိအချိန်တွင် လက်ရွေးစင်အသင်းနှင့် ကလပ်အသင်းအတွက် အဓိကအရေးပါသူအဖြစ် ခြေစွမ်းပြကစားလျက်ရှိသည်။

သို့ဖြစ်ရာ ဆောက်ဂိတ်က ”သူက ပြီးခဲ့တဲ့ ၁၈ လအ တွင်း ကစားရတဲ့ပွဲတွေမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်အောင် ထပ်ပြီးလုပ်နိုင်ခဲ့တယ်။ အဲဒီအချိန်တွေတုန်းက သူ အဆုံးသတ်ဂိုးသွင်းနိုင်မလားဆိုတာ ခင်ဗျားတို့လည်း အသေအချာမပြောနိုင်ဘူး။ ဒါပေမဲ့ အခုဆိုရင် သူက ဂိုးပေါက်အရှေ့မှာ ယုံကြည်မှုရှိနေပါပြီ။ အဲဒါကို ကလပ်အသင်းမှာရော ကျွန်တော်တို့နဲ့ ပွဲတွေမှာပါ သက်သေပြနေပါတယ်။ အခုဆိုရင် သူဖြတ်ကျော်မှုလုပ်တဲ့အခါ ဂိုးသွင်းတော့မလားဆိုပြီး မျှော်လင့်လို့ရပါပြီ။ အဲဒါက စိတ်ပိုင်း ဆိုင်ရာပြောင်းလဲနိုင်မှုဖြစ်ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလည်း အများကြီးပါပဲ။ သူ့ဆီမှာ နည်းစနစ်ပိုင်းထူးချွန်မှုက အမြဲရှိပြီးသားပါ”ဟု ချီးကျူးခဲ့သည်။

ထို့ပြင် အူအတက်ခွဲစိတ်မှုကြောင့် ယူကရိန်းအသင်းနှင့်ပွဲကို လွဲချော်ခဲ့သည့် ကွင်းလယ်လူ ဖိုဒန်မှာ လေးပတ်မှ ခြောက်ပတ်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။

ဖိုဒန် (၂၂ နှစ်) သည် အီတလီအသင်းနှင့် အုပ်စုအဖွင့်ပွဲ ဒုတိယပိုင်း ၆၉ မိနစ်တွင် လူစားဝင်ရောက်ခဲ့သော်လည်း မိနစ်ပိုင်းအကြာ ၈၁ မိနစ်တွင် ပြန်လည်လူစားလဲခဲ့သည်။

၎င်းအနေဖြင့် လန်ဒန်မြို့၌ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် မိခင်ကလပ်အသင်းရှိရာ မန်ချက်စတာသို့ ပြန်သွားပြီဖြစ်သည်။

မန်စီးတီးအသင်းက ယခုတစ်ပတ် လီဗာပူးလ်အသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲတွင် ၎င်းပါဝင်နိုင်မည်မဟုတ်ဟုသာ ထုတ်ပြန်ထားသော်လည်း လေးပတ်မှ ခြောက်ပတ်အထိ အနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments