Tuesday, January 13, 2026
spot_img
spot_img

ဆာကာနေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီစတားကို ကမ်းလှမ်းဖွယ်ရှိနေတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဆာကာနေရာအတွက် ပီအက်စ်ဂျီစတား မူအာနီကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အာတီတာက တနင်္လာနေ့တုန်းက ဆာကာတစ်ယောက် ရက်သတ္တပတ်အတော်ကြာနားရမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ပဲလေ့စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးကနေ အငှားလာကစားနေတဲ့ စတာလင်ကလည်း ဒဏ်ရာရနေတဲ့အနေအထားမှာ အာတီတာအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ စတာလင်ကော ဆာကာကော လက်လွှတ်ရမယ့်အနေအထားမှာ အာဆင်နယ်အနေနဲ့ လာမယ့်ဆောင်းဈေးကွက်မှာ အစားထိုးမယ့်ကစားသမားရှာဖွေရတော့မှာဖြစ်ပါတယ်။

“ပြင်ဆင်မှုတွေတော့ လုပ်ပြီးပါပြီ။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ကျွန်တော်တို့ အဆင်သင့်ရှိနေပါတယ်။ ယေဘုယျအားဖြင့် စတာလင်ကော ဆာကာအခြေအနေကော ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်တို့ ပိုခန့်မှန်းနိုင်တာက တစ်စုံတစ်ခုအတွက်ပါ။ ဥပမာအားဖြင့် ခံစစ်ပြဿနာဖြစ်လာခဲ့ရင် ကျွန်တော်တို့ တစ်စုံတစ်ခုအတွက် အဆင်သင့်ရှိနေပါတယ်။

Saka suffered a hamstring injury in Saturday's 5-1 win over Crystal Palace.

ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမယ့် အရေးကြီးတာက အခုလက်ရှိကိုအာရုံစိုက်ဖို့ပါ။ ကျွန်တော်တို့ လူအင်အားကို ဘယ်လောက်အထိ ချဲ့ထွင်မလဲဆိုတာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ မူအာနီဟာ ဥရောပရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၃ နွေရာသီတုန်းက ဖရန့်ဖတ်ကနေ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘာပေထွက်ခွာမှုအတွက် မူအာနီနဲ့အစားထိုးခဲ့ပေမယ့် ပြင်သစ်သားဟာ ဒီရာသီလီဂူးဝမ်းမှာ ၂ ပွဲ နဲ့ ချန်ပီယံလိဂ်မှာ ၂ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ အဆိုပါအနေအထားကြောင့် အာဆင်နယ်က လာမယ့်ဆောင်းဈေးကွက်မှာ မူအာနီကို ခေါ်ယူဖွယ်ရှိနေပြီး ဆာကာအခြေအနေအတွက် အသင်းကိုပြင်ဆင်ဖို့ စီစဉ်နေပါတယ်။

“ကျွန်တော် လက်ရှိကိုပဲအာရုံစိုက်နေတယ်ဆိုတာ အရိုးသားဆုံးပြောချင်ပါတယ်။ အသင်းလူအင်အားကလည်း အလုံလောက်တော့ရှိနေပါတယ်။ ကျွန်တော်တို့ ရွေးချယ်စရာတွေရှိနေပါတယ်။ တကယ်လို့ တခုခုအတွက် လိုအပ်လာရင် ကျွန်တော်တို့ စဉ်းစားသွားမှာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments