Wednesday, February 11, 2026
spot_img
spot_img

စောစောကန် စောစောပြုတ် ၊ နောက်တဆင့် မတက်သေးတဲ့ ပွဲရလဒ်တွေ ၊ လေ့ကျင့်ခန်းမဆင်းတဲ့ ဘရာဇီးသားတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေညက ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ နောက်တဆင့် တက်နိုင်တဲ့ အသင်းတွေ မထွက်ပေါ် ခဲ့သေးပါဘူး ။ ဒါပေမယ့် အိမ်ရှင် ကာတာ ကတော့ ကမ္ဘာ့ဖလား ကနေ အစောဆုံး ထွက်ရတဲ့ အသင်း ဖြစ်သွားခဲ့ ပါပြီ ။

ကာတာ ဟာ ဆီနီဂေါ ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အုပ်စု ကနေ အစောဆုံး ထွက်ရတဲ့ အိမ်ရှင် အဖြစ်လည်း မှတ်တမ်းဆိုး ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

နယ်သာလန် ကတော့ အက်ကွေဒေါ နဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ ပါတယ် ။

အက်ကွေဒေါ အတွက် ချေပဂိုး ကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အန်နာ ဗလင်စီယာ ကတော့ အက်ကွေဒေါ ရဲ့ နောက်ဆုံး သွင်ဂိုး ၆ ဂိုးစလုံးကို သွင်းယူ ထားသူ ဖြစ်လာခဲ့ ပါတယ် ။

အုပ်စု ဘီ မှာလည်း ပထမပွဲ ကို နိုင်ထားတဲ့ အင်္ဂလန် ဟာ အမေရိကန် ကို အနိုင် မကစားနိုင်ဘဲ ဂိုးမရှိ သရေ ရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။ အင်္ဂလန် ဟာ ကမ္ဘာ့ဖလား မှာ အမေရိကန် နဲ့ ၃ ကြိမ် ဆုံတွေ့ ထားပြီး တကြိမ်မှ အနိုင် မရရှိ ဖူးသေးပါဘူး ။

အင်္ဂလန် နည်းပြဆောက်ဂိတ် ကတော့ မန်စီးတီး ကြယ်ပွင့်လေး ဖီးလ်ဖိုဒန် ကို လူစားလဲ မထည့်ခဲ့မှုအပေါ် ဝေဖန် ပြောဆို ခံခဲ့ရ ပါတယ် ။

နောက်တပွဲမှာတော့ ဝေးလ် ဟာ အီရန် အသင်းကို ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးတွေကြောင့် ၂-၀ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ဒီပွဲမှာ ဝေးလ် ဂိုးသမား ဟန်နက်ဆီ အနီကတ် ထိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး အနီကတ် ဖြစ်လာခဲ့ပါတယ် ။

အင်္ဂလန် ဟာ ဒုတိယပွဲကို သရေကျခဲ့ ပေမယ့် အုပ်စု နောက်ဆုံးပွဲကို ၃ ဂိုးပြတ် ရှုံးရင်တောင်မှ နောက်တဆင့် ကို တက်ရောက် နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

ဘရာဇီး ရဲ့ အဓိက တိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် အုပ်စု လက်ကျန် ၂ ပွဲစလုံးကို လွဲချော်ခဲ့ သလိုပဲ မန်ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ ဟာလည်း ဖျားနာနေမှုကြောင့် မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ပါဝင် မလာ နိုင်ခဲ့ဘူးလို့ သိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments