နာပိုလီ – ဆလာနီတာနာ (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် ည ၇:၃၀ နာရီ)
နာပိုလီက ဘာပြိုင်ပွဲမှ ကစားဖို့မရှိတော့လို့ စီးရီးအေကို ပိုမိုအားစိုက်လိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာဆိုရင်လည်း နာပိုလီရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိဆဲဆိုတာ တွေ့ရတယ်။ ဆလာနီတာနာက ဆာဆူအိုလို ကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ခြေစွမ်းက သာမန်အဆင့်ပါပဲ။ ဒါ့အပြင် နေပယ်မှာ ကစားရမှာဖြစ်တာကြောင့် ဆလာနီတာနာအတွက် ခက်ခဲပါလိမ့်မယ်။ နာပိုလီ ဂိုးပြတ်နိုင်ပွဲရမယ်။
ရိုးမား – အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် ည ၁၀:၃၀ နာရီ)

ရိုးမားက အေစီမီလန်နဲ့တွေ့ဆုံတဲ့ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာရမယ်။ မော်ရင်ဟိုလက်ထက်မှာလည်း အေစီမီလန်ကို ရိုးမား အနိုင်ယူနိုင်ခြင်းမရှိသေးဘူး။ လက်ရှိခြေစွမ်းပိုင်းကွာဟမှုသိပ်မရှိပေမဲ့ ရိုးမားမှာ ဒီဘားလားလိုကစားသမား ကြံ့ခိုင်မှုမပြည့်ဝတာ စိတ်ပျက်စရာပဲ။ အေစီမီလန်ကတော့ လီယာအိုရဲ့ ခြေစွမ်းပြမှုနဲ့ နောက်ဆုံးပွဲမှာ လက်ချီကို နိုင်ခဲ့တယ်။ ဂျရူး ဂိုးပေါက်တွေ့နေပြီး ခံစစ်ကစားပုံကလည်း တဖြည်းဖြည်းပိုကောင်းလာတယ်။ ရောမမှာ ကစားရမှာဖြစ်ပေမဲ့ အေစီမီလန် အနည်းဆုံး သရေရမယ်။
တိုရီနို – အတ္တလန်တာ (မြန်မာစံတော်ချိန် ဧပြီလ ၃၀ ရက် နံနက် ၁:၁၅ နာရီ)

နှစ်သင်းစလုံး နောက်ဆုံးပွဲတွေမှာ နိုင်ပွဲကိုယ်စီရခဲ့ကြတယ်။ အတ္တလန်တာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ တိုရီနိုကွင်းဖြစ်နေလို့ သိပ်ပြီးလွယ်ကူမှာတော့ မဟုတ်ဘူး။ အတ္တလန်တာ ကပ်နိုင်ဖို့ရှိတယ်။






