အေစီမီလန် နှင့် ဆလာနီတာနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
အေစီမီလန်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေထားရောက်လာပြီး ရိုးမား၊ လာဇီယိုအသင်းတို့ရဲ့ အောက်ကို ရောက်သွားခဲ့တယ်။ ဒါကြောင့် ဒီလိုပွဲမျိုးကိုတော့ အေစီမီလန်အသင်း အမှားခံမှာ မဟုတ်တော့ဘူး။ ဆလာနီတာနာကလည်း ခြေစွမ်းပုံမှန်မရှိပါဘူး။ ဒီပုံစံမျိုးနဲ့တော့ အေစီမီလန်ကို ဆလာနီတာနာအသင်း ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ အေစီမီလန် ဂိုးပြတ်နိုင်လိမ့်မယ်။

ဟီရိုနာ နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ဟီရိုနာခုတလော ခြေစွာနေသလို အက်သလက်တီကိုကလည်း ကစားပုံပိုငြိမ်လာသလိုပါပဲ။ အထူးသဖြင့် ဟီရိုနာတိုက်စစ်က ဂိုးတွေရအောင်ကစားနို်င်ပေမဲ့ ခံစစ်ပိုင်းစိတ်မချရသေးတဲ့ကစားပုံအရတော့ ဒီပွဲက သမ္ဘာပိုရင့်တဲ့ အက်သလက်တီကိုအတွက် အခွင့်အရေးပိုကောင်းတဲ့ပွဲလို့ပြောနိုင်တယ်။ အက်သလက်တီကိုရဲ့ အရင်လိုအဝေးကွင်းခံစစ်ကစားပုံမျိုးပြန်တွေ့လာရသလို တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်းပုံမှန်ပြန်ဖြစ်နေပါပြီ။ အက်သလက်တီကိုပဲရွေးမယ်။ ဂိုးတော့နည်းသွားနိုင်တယ်။







