မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေသည့် ဘရာဇီးလ်လက် ရွေးစင်ကွင်းလယ်လူ ကက်စီမီရိုက ဝေဖန်မှုများကိုခံနေရသည့် အသင်း၏တိုက်စစ်မှူး စီရော်နယ်လ်ဒိုဘက်မှ ထောက်ခံပြောဆိုမှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကက်စီမီရိုက ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားစဉ်ကတည်းက လက်တွဲဖော်များ ဖြစ်ခဲ့ဖူးသည့် စီရော်နယ်လ်ဒိုသည် မိမိအတွက် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ရုံမကဘဲ အလွန်လေးစားဖွယ်ကောင်းသည့် အပြုအမူများကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မိမိနှင့် အန်တိုနီတို့ကို အသင်းထံ စတင် ရောက်ရှိလာချိန်ကတည်းက အကူအညီများစွာ ပေးနေသူဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ကက်စီမီရိုက “ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ မိတ်ဆွေတစ် ဦးဖြစ်သလို၊ အရမ်းလေးစားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ အန်တိုနီတို့ကို ဒီအသင်းကို ရောက်ရှိလာချိန်ကတည်းက အစွမ်းကုန် ကူညီပေးနေသူဖြစ်ပါတယ်။ သူက အရမ်းထူးခြားတဲ့ လူသားတစ်ဦးဖြစ်သလို၊ အရမ်းလည်း လေးစားစရာကောင်းတယ်ဆိုတာကို ရီးယဲလ်မက်ဒရစ်မှာ အချိန်အကြာကြီး တွဲဖက်ကစားခဲ့စဉ်ကတည်းက ကျွန်တော် သိခဲ့ပြီးသားပါ”ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ ဝက်ဘ်ဆိုက်နှင့်တွေ့ဆုံသည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။






