Tuesday, January 13, 2026
spot_img
spot_img

စီနီယာကစားသမားများ၏ နားရက်ပိုပေးရန် တောင်းဆိုမှုကို မန်ယူအသင်းနည်းပြ တန်ဟက်ဂ် ငြင်းဆန်

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် အသင်းစီနီယာများ၏ နားရက်ပိုပေးရန် တောင်းဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။     

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး နည်းပြတန်ဟက်ဂ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အသင်း၏လေ့ကျင့်ရေး အစီအစဉ်များကို တင်းကြပ်ခဲ့ပြီး လေ့ကျင့်ချိန်များကို တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။ 

တန်ဟက်ဂ်သည် အသင်း၏ရလဒ်အပေါ် မူတည်ကာ လေ့ကျင့်ရေးအစီအစဉ်များကို ဆွဲလေ့ရှိပြီး အသင်းစီနီယာကစားသမားများကို တစ်ပတ်တာအတွင်း လေ့ကျင့်ရမည့်အချိန်ဇယားကို ပို့ပေးလေ့ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

တန်ဟက်ဂ်၏ အဆိုပါအချိန်ဇယားကို မန်ယူအသင်းတွင် ထောက်ခံသည့် ကစားသမားအချို့ရှိသော်လည်း စီနီယာကစားသမား အများစုကမူ နှစ်သက်ခြင်းမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူစီနီယာကစားသမားများက နားရက်များပိုပေးရန် တောင်း ဆိုခဲ့သော်လည်း တန်ဟက်ဂ်က ၎င်းတို့၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

ထို့ပြင် တန်ဟက်ဂ်က မန်ယူကဲ့သို့ ကြီးကျယ်ခမ်းနားသည့်အသင်းမျိုးတွင် ကစားနေရသည့်အတွက် ကစားသမားများအနေဖြင့် ကိုယ့်ကျိုးစွန့်လွှတ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ပွဲများကစားရန်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုအမြဲပြည့်ဝနေရန် လိုအပ်သည်ဟု ကစားသမားများကို နားချခဲ့ကြောင်း သိရသည်။ 

သို့သော် တန်ဟက်ဂ်က ယခုရာသီအတွင်း ၎င်းအနေဖြင့် အသင်းကစားသမားများကို အခါအခွင့်သင့်သလို နားရက်ပေးမည်ဟု ကတိပေးခဲ့ကြောင်းလည်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments