Friday, March 13, 2026
spot_img
spot_img

စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုများအတွက် ပြန်လည်ပြင်ဆင်တည်ဆောက်မှုများ ပေါ့ဘာ စတင်ပြုလုပ်နေသည်ဟု မိခင်ဖြစ်သူ ပြောကြား

ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာသည် လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်နေမှုများကို စတင်ကုသမှု ခံယူနေပြီဖြစ်ကြောင်း ၎င်း၏မိခင်ဖြစ်သူက ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပေါ့ဘာသည် ပြီးသည့်နွေရာသီအပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက်မှထွက်ခွာပြီး ဂျူဗင်တပ်စ်အသင်းထံပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ပေါ့ဘာသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ရှိစဉ်ကတည်းက အစ်ကိုဖြစ်သူ မားသီးယပ်စ်၏ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်မှုများကို မကြာခဏကြုံတွေ့ခဲ့ရပြီး၊ ယင်းအချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာ Trauma ရရှိခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ပြင်ပေါ့ဘာသည် ဒဏ်ရာပြဿနာများနှင့်အတူ ကစားသမားဘဝခြေစွမ်းနှင့် အရှိန်အဝါကျဆင်းလာခဲ့ပြီး ယင်းအခြေအနေမှာလည်း ပေါ့ဘာအတွက် ဖိအားဖြစ်စေနိုင်ကြောင်း အီတလီအားကစားသတင်းစာ Football Italia ကဖော်ပြခဲ့သည်။

ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာများနှင့် မကြာခဏရင်ဆိုင်နေရပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပွဲကစားနိုင်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ပေါ့ဘာအနေဖြင့် မူလက ခြေသလုံးဒဏ်ရာမှပြန်လည်သက်သာလာခြင်းကြောင့် ပွဲပြန်ကစားနိုင်ရန် နီးစပ်ခဲ့သော်လည်း လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာပြန်လည်ရရှိခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်သည်အထိ အခြေအနေ ဆိုးရွားခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာအနေဖြင့် လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာပြန်လည်သန်မာမှုအတွက် ဦးစားပေးလုပ်ဆောင်နေပြီး အကောင်းဆုံးပုံစံဖြင့်ပြန်လာနိုင်ရန် မျှော်လင့်လျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments