ဒေးဗစ် ဒီဂီယာသည် ရိုးမားတွင် မန်ယူနည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနှင့် ပြန်လည်ဆုံတွေ့နိုင်ကြောင်း သတင်းများက ဖော်ပြသည်။ အသက် ၃၂ နှစ်ရှိ မန်ယူဂိုးသမားသည် ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ ရိုးမားအသင်းသည် ဒီဂီယာကို ခေါ်ယူရန် အဆင်သင့်ဖြစ်နေကြောင်း မီဒီယာအချိုက ဖော်ပြခဲ့သည်။
ဒီဂီယာသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိရန် သဘောတူညီခဲ့သော်လည်း ၎င်း၏ အသက်အရွယ်အရ ယူနိုက်တက်တွင် ဆက်နေရန် လုပ်ခလျှော့ချမှု သတ်မှတ်ချက်များကို လက်ခံစဥ်းစားရမည့် အခြေအနေသို ရောက်ရှိလာပြီဖြစ်သည်။ သိုသော်လည်း အသင်း၏ အဖွင့်အဆိုပြုချက်ကို ဒီဂီယာက ပယ်ချလိုက်ကြောင်း မီဒီယာအချိုက ဖော်ပြခဲ့သည်။

မော်ရင်ဟိုသည် မန်ယူနည်းပြအဖြစ် နှစ်နှစ်ခွဲကြာ ကစားခဲ့ပြီးနောက် ဒီဂီယာနှင့် တွဲလုပ်ရသည့် အတွေ့အကြုံရှိသည်။ သူတိုနှစ်ဦးသည် ၂၀၁၇ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလားနှင့် ယူရိုပါလိဂ်တိုကို အတူတကွ ဆွတ်ခူးနိုင်ခဲ့သည်။
စီးရီးအေအသင်းဖြစ်သော ရိုးမားအသင်းက ၎င်းတိုအသင်းသည် အသင်းဘက်မှ သိသိသာသာ ငွေကြေးအားစိုက်ထုတ်မှု လိုအပ်မည့် သဘောတူညီမှုတစ်ခု ဖြစ်နိုင်ခြေကို အကဲဖြတ်နေသည်ဟု ဆိုသည်။ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တိုကလည်း ဒီဂီယာကို စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်နေပါသည်။

ဒီဂီယာသည် 2011 ခုနှစ် ဇူလိုင်လတွင် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ရောက်ရှိလာပြီးကတည်းက သရဲနီများအတွက် ပွဲပေါင်း ၅၃၀ ကစားပေးခဲ့သည်။ စပိန်သားသည် ယခုရာသီတွင် တစ်ဖန်ကောင်းမွန်လာခဲ့ပြီး တနင်္ဂနွေနေ့ (ဧပြီ ၂) က နယူးကာဆယ်ကို ၂-၀ ဖြင့် ရှုးခဲ့သောပွဲတွင် ပိုမိုပြင်းထန်စွာ ရှုးနိမ့်ခြင်းမှ မန်ယူအား လွတ်မြောက်စေခဲ့သည်။







