Wednesday, January 14, 2026
spot_img
spot_img

စာချုပ်လျော်ကြေးတန်ဖိုး ယူရိုသန်း(၁၂၀)သို့ လျော့ကျသွားခဲ့ပြီဖြစ်သည့် ဂရီးဇ်မန်း၏အပြောင်းအရွှေ့ပုုံပြင် ယခုမှ စတင်သည်ဟု Marca ဖော်ပြ

စပိန်သတင်းစာ Marca က နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး အက်သလက်တီကိုတိုက်စစ်မှူး ဂရီးဇ်မန်း၏ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်း၏စာချုပ်လျော်ကြေးတန်ဖိုး ယူရိုသန်း(၁၂၀)သို့ လျော့ကျသွားခဲ့သည့် လက်ရှိအချိန်မှသာ ဂရီးဇ်မန်း၏ အပြောင်းအရွှေ့ပုံပြင် အမှန်တကယ်စတင်ခြင်းဖြစ်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။

ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းသည် ယခုနွေရာသီတွင် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲတော့မည်ဟု အတည် ပြုထားပြီးဖြစ်သလို၊ ဘာစီလိုနာအသင်းထံ ရောက်ရှိတော့မည်ဟု လေ့လာသူအများစုက ထင်ကြေးပေးထားကြသော်လည်း တစ်လတာကာလအတွင်း မည်သို့မျှ ထူးခြားမလာခဲ့ပေ။

အကြောင်းမှာ အက်သလက်တီကိုအသင်းနှင့် ဂရီးဇ်မန်းတို့ ချုပ်ဆိုထားသောစာချုပ်အရ ဇူလိုင်လ(၁)ရက်နေ့မတိုင်မီ ခေါ်ယူ မည်ဆိုပါက စာချုပ်လျော်ကြေးအဖြစ် ယူရိုသန်း(၂၀၀)ပေး ချေသွားရမည်ဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့မှစ၍ ယူရိုသန်း (၁၂၀)သာ ပေးချေရတော့မည်ဖြစ်သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် ယင်းအချိန်ကို စောင့်နေခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

သို့သော် ဘာစီလိုနာအသင်းသည် နေမာ၏ အပြောင်းအရွှေ့ဝင်ရောက်လာသည့်အတွက် ဂရီးဇ်မန်းကို အမှန်တ ကယ်ခေါ်ယူခြင်းပြု၊ မပြု စောင့်ကြည့်ရမည့်အခြေအနေရှိလာ ခဲ့သည်။

ယင်းအခြေအနေတွင် PSG၊ မန်ယူနှင့် အင်တာမီလန်အသင်းတို့ကလည်း ဂရီးဇ်မန်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြ ပြီး လက်ရှိစျေးကွက်ပေါက်ကွဲမှုအရ ဂရီးဇ်မန်းအတွက် ယူရို သန်း(၁၂၀)ပေးချေရန် အသင့်ရှိနေကြသည်ဟုလည်း သ တင်းများထွက်ပေါ်နေသည်။

ထို့ကြောင့် Marca က ဘာစီလိုနာအသင်းသာ ကြိုတင်သဘောတူညီမှု ရရှိထားခြင်းမရှိသေးပါက ဂရီးဇ်မန်း၏ အပြောင်းအရွှေ့မှာ ပိုမိုကြည့်ကောင်းလာဖွယ်ရှိနေသည်ဟုလည်း သုံးသပ်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments