Tuesday, January 20, 2026
spot_img
spot_img

စမစ်ရို အပါအဝင် တခြား ကစားသမား နှစ်ဦးကို ပွဲကစားခွင့် သိပ်မပေးဖြစ်တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဘရန်းဖိုဒ့် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စမစ်ရို ၊ နယ်လ်ဆင် နှင့် အန်ကီးတီးယား တို့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန် နေရတဲ့ အကြောင်းအရင်း ကို ရှင်းပြ သွားခဲ့ပါတယ် ။

နောက်ဆုံး ကစားထားတဲ့ ရှက်ဖီး ယူနိုက်တက် ကို ၆ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ Hale End အကယ်ဒမီထွက်တွေ ဖြစ်ကြတဲ့ စမစ်ရို ၊ နယ်လ်ဆင် နှင့် အန်ကီးတီးယား တို့ သုံးဦး စလုံးကို လုံးဝ အသုံးပြု ခဲ့ခြင်း မရှိပါဘူး ။

တစ်ချိန်က အာဆင်နယ် အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့တဲ့ စမစ်ရို ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲသာ ကစားခွင့် ရထားပြီး နယ်လ်ဆင် ၊ အန်ကီးတီးယား တို့ဟာလည်း အကန့်အသတ် နဲ့သာ ကစားခွင့် ရနေတာ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ” ဒီကိစ္စကို ကျနော်တို့ ဆွေး‌နွေး ဖြစ်ပါတယ် ၊ ကျနော်တို့ အနေနဲ့ ပွဲတိုင်းမှာ ကစားသမား အားလုံးကို အသုံးပြုလို့ မရနိုင်ပါဘူး ၊ ဒီကစားသမားတွေက နယူးကာဆယ် နဲ့ ပွဲမှာ ကစားဖို့ အခွင့်အရေး ရခဲ့ကြသူတွေပါ ။ အခု ကျနော်တို့ လူစား ငါးယောက် လဲလို့ရတော့ အရင် သုံးယောက် လဲလို့ ရတုန်းကထက်စာရင် ကစားသမား နှစ်ဦး ပိုပျော်အောင် လုပ်ပေးနိုင်တာပေါ့ဗျာ ။ ”

” အသင်းတိုင်းမှာ ကစားသမားတိုင်းက ပွဲကစားချင်ကြတာပေါ့ဗျာ ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အားလုံးကို ထည့်ကစားလို့မှ မရတာ ၊ ဒါ က ကျနော်တို့ လက်ထဲမှာ မရှိတဲ့ အရာပါ ၊ သူတို့လည်း ဒါကို သိကြပါတယ် ။ ဒါက အသင်းလိုက် ကစားရတဲ့ အားကစားပါ ၊ သူတို့ အနေနဲ့ ကိုယ့်ရဲ့အခန်း ကဏ္ဍ ကိုယ် သိပြီး အသင်းအတွက် လိုအပ်ချိန်မှာ ဖြည့်ဆည်း ပေးနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments