Tuesday, January 20, 2026
spot_img
spot_img

စပို့တင်း နဲ့ ပွဲမှာ ဂျေးဇု ၊ တီယာနေး နှင့် အော်ဒီဂတ် တို့ ဘာကြောင့် မပါဝင် ခဲ့တာလဲ ?

အာဆင်နယ် အသင်းဟာ ဒီနေ့ မနက် အစောပိုင်းမှာ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ် အဖြစ် စပို့တင်း လစ္စဘွန်း အသင်း ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဆလီဘာ ရဲ့ ခေါင်းတိုက်ဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် ခီဗီယော နှင့် ဂိုးသမား တာနာ တို့ရဲ့ နားလည်မှု လွဲမှားမှု ကနေ ချေပဂိုးပြန်ပေးလိုက်ရပါတယ် ။

ပထမပိုင်းမှာ တဖက် တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ စပို့တင်းက ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ခဲ့ပါတယ် ၊ ဒါပေမယ့် စပို့တင်း ရဲ့ ဦးဆောင်ဂိုး က သိပ်ကြာကြာ မခံလိုက်ဘဲ ရှာကာ ရဲ့ ကန်ချက် မိုရီတာ နဲ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင် သွားခဲ့တာကြောင့် ဂန်းနားတို့ ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပါတယ် ။ အဲ့ဒီနောက် နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် ၂-၂ နဲ့ပဲ ပွဲပြီးဆုံး သွားခဲ့ပါတယ် ။

စပို့တင်း လစ္စဘွန်း နဲ့ ပွဲမှာ နည်းပြ အာတီတာ ဟာ ဘုန်းမောက် နဲ့ ပွဲက လူစာရင်း ကို ၆ နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ရမ်စ်ဒေးလ် နေရာမှာ မတ်တာနာ ၊ တိုမီယာဆု နေရာမှာ ဘန်ဝှိုက် ၊ ဂါဘရီရယ် နေရာမှာ ခီဗီယော ၊ ပါ​တေး နေရာမှာ ဂျော်ဂျင်ညို တို့ကို အသုံးပြုလာခဲ့ပါတယ် ။ ဒါ့အပြင် ဘုန်းမောက် နဲ့ ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရတဲ့ ရှာကာ က ကပ္ပတိန် အဖြစ် ပွဲထွက် လာခဲ့ပြီး ဟီးရိုး ဖြစ်ခဲ့တဲ့ နယ်လ်ဆင် လည်း ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

စပို့တင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း လူစာရင်းထဲ မပါဝင်ခဲ့တဲ့ ကစားသမားတွေ ကတော့ အော်ဒီဂတ် ၊ တီယာနေး ၊ အန်ကီးတီးယား ၊ ထရော့ဆက်ဒ် နှင့် ဂျေးဇု တို့ ဖြစ်ပြီး သူတို့ အစား လူငယ် အသင်းက ရူရယ်ဝေါလ်တာစ် ၊ ဘန်ဒီရာ ၊ ဟယ်လ်ဆန် ၊ မတ်စမစ် နှင့် ဆာဂိုး ဂျူနီယာ တို့ ပါဝင် လာခဲ့ပါတယ် ။

အန်ကီးတီးယား နှင့် ထရော့ဆက်ဒ် တို့ကတော့ အစောကတည်းက စပို့တင်း နဲ့ ပွဲကို လွဲချော်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာကြောင့် ပရိသတ်တွေ အတွက် အံ့အားသင့်စရာ မဖြစ်ခဲ့ပေမယ့် အော်ဒီဂတ် မပါဝင်လာမှုကတော့ ပရိသတ်တွေကို စိုးရိမ်စိတ် ဖြစ်စေ ခဲ့ပါတယ် ။ ပရိသတ်တွေကတော့ အော်ဒီဂတ် ဒဏ်ရာ များ ရသွားခဲ့တာလား စိုးရိမ် နေခဲ့ကြတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းကတော့ တီယာနေး နှင့် အော်ဒီဂတ် တို့ နှစ်ဦးစလုံးဟာ ရာသီဥတု အခြေအနေကြောင့် နေလို့ သိပ်မကောင်း ဖြစ်နေကြပြီး ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အသင်း လူစာရင်းထဲ မထည့်သွင်း ခဲ့တာ ဖြစ်ကြောင်း အတည်ပြု ပေးသွားခဲ့ပါတယ် ။ နှစ်ဦးစလုံးရဲ့ အခြေအနေ က ပြင်းထန်ခြင်း မရှိကြောင်းလည်း သိရပါတယ် ။

စပို့တင်း လစ္စဘွန်း နဲ့ ပွဲကြို လေ့ကျင့်ရေး အစီအစဉ်မှာ တွေ့ခဲ့ရတဲ့ တိုက်စစ်မှူး ဂျေးဇု ကတော့ အသင်း နဲ့ အတူ ပေါ်တူဂီ ကို လိုက်ပါ ခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ အသင်း နဲ့ အတူ ပေါ်တူဂီ ကို လိုက်ပါဖို့ မျှော်လင့် ထားခဲ့ပေမယ့် နည်းပြ အာတီတာ ကိုယ်တိုင်က ခေါ်မသွားဖို့ ဆုံးဖြတ် ခဲ့တာပါ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments