ဆယ်လ်တာဗီဂို – ဗယ်လက်ကာနို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
နည်းပြအပြောင်းအလဲက ဆယ်လ်တာဗီဂိုကိုပြောင်းလဲ သွားစေမှာလားစောင့်ကြည့်ရမယ့်ပွဲပါပဲ။ အသင်းကလည်းတန်း ဆင်းအန္တရာယ်နားကပ်နေလို့ အိမ်ကွင်းအားကိုအကောင်းဆုံး အသုံးချရတော့မှာပါ။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးမယ်။
ဂျီရိုနာ – ဘက်တစ် (တနင်္ဂနွေည ၈း၄၅ နာရီ)
ဂျီရိုနာအရှိန်နဲနဲလျော့လာသလိုတွေ့ရပေမယ့် အိမ်ကွင်း အားနဲ့တော့ အတတ်နိုင်ဆုံးအမှတ်ရအောင်ရှာနေနိုင်တုန်းပါပဲ။ ဘက်တစ်ကလည်း အဝေးကွင်းဆိုထိန်းကစားပြီးနိုင်ပွဲမရှာ တတ်သလိုဖြစ်နေလို့ ဂျီရိုနာအနည်းဆုံးသရေပါပဲ။
အလာဗတ်စ် – ဆိုစီဒက် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
အလာဗတ်စ်အိမ်ကွင်းကစားပုံ မဆိုးလှပေမယ့် အစဉ် အလာတွေအရတော့ ဆိုစီဒက်ကိုမယှဉ်နိုင်ပါဘူး။ ဆိုစီဒက်က လည်း ယူရိုပါလိဂ်တစ်နေရာသေချာအောင် အမှတ်ရှာနေလို့ အမှတ်ရဖို့ကြိုးစားမှာပါ။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
ရီးယဲလ်မက်ဒရစ် – ဘီလ်ဘာအို (တနင်္လာနံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်အတွက် ပွဲကျပ်တစ်ပွဲဖြစ်နေတယ်။ ကစားသမားအများစုကလည်း နိုင်ငံပွဲတွေသွားကစားပြီး ပြန် ရောက်ခါစဆိုတော့ ဘီလ်ဘာအိုနဲ့ပွဲကို ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ များနေတယ်။ ဘီလ်ဘာအိုကတော့ ဒီရာသီမှာ ခြေမှန်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ရှိရောက်နေတဲ့အဆင့် (၄)နေရာကို တည်မြဲဖို့ကြိုးစားမှာသေချာတယ်။ ဘီလ်ဘာအိုမှာ နိုင်ငံအသင်းတွေအတွက် လွှတ်ပေးခဲ့ရတဲ့ကစားသမားကလည်း ရီးယဲလ်မက်ဒရစ်လောက်မများလှလို့ အသင်းကပိုပြီး လတ်ဆတ် နေဖို့လည်းရှိနေတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ရီးယဲလ်ကွင်းမှာ (၁-၁)ဂိုးသရေကျအောင်ခံကစားပြထားနိုင်တဲ့အပြင် လက်ရှိ ဘီလ်ဘာအိုရဲ့ကစားပုံကလည်း တိုက်စစ်၊ ခံစစ်ဟန်ချက်ပိုမိနေ တယ်။ ဒါ့ပြင်ခံစစ်ကလည်း မာကျောကျစ်လျစ်နေလို့ ဘာနေဗျူး ဆိုပေမယ့် ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲရွေးကြည့်ထားချင်တယ်။






