Wednesday, February 11, 2026
spot_img
spot_img

စပါးနှင့်ပွဲတွင် ပါဝင်ခွင့်ရရန် ဘရာဟင်မ်ဒီယက်ဇ် မျှော်လင့်နေ

အေစီမီလန်အသင်း၏ စပိန်ကြယ်ပွင့်ကွင်းလယ်လူ ဘရာဟင်မ်ဒီယက်ဇ်သည် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်တွင် ပါဝင်ကစားရန်မျှော်လင့်နေကြောင်းသိရသည်။

စပါးအသင်းနှင့် ပထမအကျော့ပွဲစဉ်တွင် အေစီမီလန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဘရာဟင်မ်သည် ဖေဖော်ဝါရီ (၂၇)ရက်နေ့က အတ္တလန်တာနှင့် ယှဉ်ပြိုင်ခဲ့သော စီးရီးအေပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်တွင် ပြန်လည်ပါဝင်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

ဘရာဟင်ဒီယက်ဇ်(၂၃ နှစ်)သည် ရီးယဲလ်အသင်းမှ အေစီမီလန်အသင်းထံ အငှားဖြင့် လာရောက်ကစားနေသူဖြစ်ပြီး ရီးယဲလ်အသင်းက လာမည့်ရာသီတွင် အသင်းထံပြန်ခေါ်ကာ နေရာပေးဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments