Friday, March 13, 2026
spot_img
spot_img

စပါးတိုက်စစ်မှူး ဟာရီကိန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၈၀)ဖြင့် ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေကြောင်း The Mirror ဖော်ပြ

မန်ယူအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်း အရွှေ့ကာလတွင် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။

စပါးအသင်းနည်းပြ ကွန်တီ ရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အသက် (၂၉) နှစ်အရွယ်ရှိ ဟာရီကိန်းသည် ၂၀၂၄ ခုနှစ်တွင် စပါးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူလိုသည့် ဥရောပထိပ်တန်းအသင်းများစွာ ရှိနေသည့်အတွက် စပါးအသင်းတွင် နောက်တစ်ရာသီ ဆက်နေဖွယ်မရှိတော့ကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြနေကြသည်။

ဟာရီကိန်းအား ခေါ်ယူလိုသည့်အသင်းများထဲတွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်း ထိပ်ဆုံးမှပါဝင်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်သည်။

The Mirror ၏ဖော်ပြချက်အရ မန်ယူအသင်းတာဝန်ရှိသူများသည် ဟာရီကိန်းအား နံပါတ် (၁) ပစ်မှတ်အဖြစ် ခေါ်ယူမည့် အသင်းနည်းပြ တန်ဟက်ဂ်၏အစီအစဉ်ကို အပြည့်အဝထောက်ခံကြောင်း သိရှိရသည်။

သို့သော် မန်ယူအသင်းတာဝန်ရှိသူများသည် ဟာရီကိန်းအတွက် ပေါင်သန်း (၈၀)သာ အသုံးပြုရန် အလိုရှိနေကြကြောင်းလည်း The Mirror က ဖော်ပြခဲ့သည်။

စပါးအသင်းသည် ဟာရီကိန်းကို အသင်းတွင် ဆက်ထိန်းရန် ကြိုးပမ်းနေပြီး မဖြစ်မနေရောင်းထုတ်ရပါက ပေါင်သန်း (၁၀၀) အထက် အလိုရှိနေကြောင်း သိရှိရသည်။

သို့သော် ဟာရီကိန်း၏ လက်ရှိစာချုပ်မှာ သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သည့်အတွက် မန်ယူအသင်းက ၎င်းကို ပေါင်သန်း (၈၀) ဖြင့်သာ ကမ်းလှမ်းရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟာရီကိန်းကမူ လက်ရှိတွင် ၎င်းအနေဖြင့် ရာသီကုန်တွင် စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments