Friday, March 13, 2026
spot_img
spot_img

စတားလင်း ပြန်လည်ခြေစွမ်းပြလာမည်ဟု ယုံကြည်ကြောင်း ဆောက်ဂိတ်ပြောဆို

အင်္ဂလန်မန်နေဂျာဆောက်ဂိတ်က စတားလင်းကို လက်ရွေးစင်အသင်း လူစာရင်းမှ ချန်လှပ်ထားခဲ့သော်လည်း ၎င်းသည် မကြာမီ ပြန်လည်ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ချဲလ်ဆီးအသင်းတိုက်စစ်မှူး စတားလင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် မော်တာ၊ မက်ဆီဒိုးနီးယားအသင်းတို့နှင့် ကစားမည့်ပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရမည်မဟုတ်ချေ။

ဆောက်ဂိတ်သည် ပြီးခဲ့သည့်တစ်ပတ်က အသက် ၂၈ နှစ်အရွယ် စတားလင်းနှင့် ဆွေးနွေးခဲ့ပြီး စတားလင်းသည် ပေါင်တွင်းကြောဒဏ်ရာရနေကာ ပုံမှန်ခြေစွမ်းမရှိကြောင်း၊ မကြာမီ ပြန်လည်ခြေစွမ်းပြလာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

“လက်ရှိအခြေအနေကို အကောင်းဆုံးခြေစွမ်းနဲ့ ခိုင်ခိုင်မာမာ တုံ့ပြန်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်။ စတားလင်းက ကိုယ့်ခြေစွမ်းကို အမြဲတမ်း သက်သေပြချင်နေတဲ့သူပါ။ လက်ရှိအနေအထားကိုလည်း သူမကျေနပ်မှာ သေချာတယ်။ ပုံမှန်ခြေစွမ်းမရဘူးဆိုတာ စတားလင်းကိုယ်တိုင် သိနေတယ်။ သူက အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲပါပဲ။ စတားလင်းက အရေးပါတဲ့ ကစားသမားဆိုတာ အကြိမ်ကြိမ် သက်သေပြပြီးသားပါ။ သူ့ရဲ့ မာကျောတဲ့စိတ်ဓာတ်ကြောင့် လက်ရှိအခက်အခဲတွေကို ကျော်လွှားနိုင်မှာ သေချာပါတယ်”ဟု ဆောက်ဂိတ်က ပြောသည်။

စတားလင်းသည် ပြီးခဲ့သည့်နွေရာသီတွင် မန်စီးတီးမှ ချဲလ်ဆီးသို့ ပေါင် ၄၇.၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အပြာရောင်အသင်းအတွက် ၃၇ ပွဲကစားကာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ချဲလ်ဆီးသည် ယနေ့ညတွင် မန်ယူနှင့်အဝေးကွင်း၊ လာမည့်တနင်္ဂနွေနေ့တွင် နယူးကာဆယ်နှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments