Wednesday, January 14, 2026
spot_img
spot_img

င်္ဂလန်အသင်းမှာ အရည်အသွေးကောင်းတွေရှိနေတယ်လို့ ယုံကြည်ကြောင်းပြောကြားလာတဲ့ တူချယ်လ်

လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ အင်္ဂလန်လက်ရွေးစင်အသင်းကို စတင်တာဝန်ယူကိုင်တွယ်သွားတော့မယ့် သောမတ်စ်တူချယ်လ်က အသင်းမှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေရှိနေတယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

တူချယ်လ်ဟာ အင်္ဂလန်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ဆွတ်ခူးပေးနိုင်ဖို့ အဓိကအာရုံစိုက်သွားရမှာဖြစ်ပြီး ယခင်နည်းပြဟောင်း ဆောက်ဂိတ်လက်ထက်မှာတော့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်နဲ့၊ ကွာတားဖိုင်နယ်အဆင့်တွေအထိသာ ရောက်ရှိထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ လက်ရှိအင်္ဂလန်ပိုင်ဆိုင်ထားတဲ ကစားသမားအခြေအနေက ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ဖို့ လုံလောက်မှုရှိသလားလို့မေးမြန်းခဲ့ရာ တူချယ်လ်က “အင်္ဂလန်ပွဲတွေမကြည့်ခင်ကတည်းက ဒီအသင်းဟာ အရည်အသွေးကောင်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သိထားခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ခြေစစ်ပွဲအဆင့်ကိုပဲ အာရုံစိုက်ထားပါတယ်။ လက်ရှိဘောလုံးလောကမှာ နိုင်ငံကြီးတွေနဲ့ နိုင်ငံလေးတွေအကြား ကွာဟမှုက ကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါကြောင့် ပွဲစဉ်တိုင်းကို အနိုင်ယူဖို့ခက်ခဲနေပြီး ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ကြိုးကြိုးစားစားယှဉ်ပြိုင်သွားမှဖြစ်ပါမယ်” လို့ပြောကြားခဲ့ပါတယ်။

Thomas Tuchel, who will coach the England national team in January 2025, says he believes the squad has quality players.

ဆက်လက်ပြီးတူချယ်လ်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်းခေါင်း‌ဆောင်အဖြစ် ဆက်လက်ထားရှိသွားမယ့်‌အကြောင်းကို “ကျွန်တော့်အနေနဲ့ အသင်းမှာရှိတဲ့ ရာထူးတွေကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ မလိုအပ်ဘူးလို့ထင်ပါတယ်။ ဟယ်ရီကိန်းသာမက အခြားလူတွေလည်းအားလုံး အရင်အတိုင်းပါပဲ။ ကျွန်တော် ကိန်းကိုလေးစားပါတယ်။ သူ့ရဲ့ဦး‌ဆောင်နိုင်စွမ်းနဲ့ စရိုက်လက္ခဏာကလည်း ‌ချီးကျူးစရာပါ” လို့ပြောကြားခဲ့ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့ရာသီက တူချယ်လ်နဲ့အတူ ဘိုင်ယန်မြူးနစ်မှာ လက်တွဲခဲ့ဖူးပြီး ဂျာမန်သားရဲ့ဦးဆောင်မှုအောက်မှာ ၄၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲစဉ်တွေကို လာမယ့် မတ်လမှာ စတင်ကစားသွားမှာဖြစ်ပြီး အင်္ဂလန်က ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား၊ အန်ဒိုရာတို့နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments