Tuesday, January 20, 2026
spot_img
spot_img

ဂွါဒီယိုလာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အကြောင်းအရင်း ထွက်ပေါ်လာ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာတစ်ယောက် အသင်းနဲ့ စာချုပ်သက်တမ်းဘာကြောင့်တိုးခဲ့ရတယ်ဆိုတဲ့ ကြောင်းအရင်း ထွက်ပေါ်လာခဲ့ပါတယ်။

ဂွါဒီယိုလာဟာ နည်းပြဘ၀ အဆိုးဝါးဆုံးစံချိန်အဖြစ် ၄ ပွဲဆက်အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ရလဒ်တွေဆိုးဝါးနေပေမယ့်လည်း အသက် ၅၃ နှစ်သားဟာ စီးတီးမှာ ဆက်နေဖို့များနေပါတယ်။

တော့တင်ဟမ် နဲ့ ဖီယင်နုတို့ကိုပါအနိုင်မရခဲ့တာကြောင့် စီးတီးဟာ ပြိုင်ပွဲစုံ ၆ ပွဲဆက်နိုင်ပွဲပျောက်လာခဲ့ကာ ဂွါဒီယိုလာကတော့ မကြာခင်မှာ အသင်းရဲ့ရလဒ်ပိုင်းကိုပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ စပိန်သားဟာ စီးတီးကနေထွက်ခွာဖို့ သတင်းကြီးလေ့ရှိနေသလို အသင်းဘက်ကလည်း သူ့နေရာမှာဆက်ခံမယ့်သူရှာဖွေနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားအရ အသင်းကို ပြန်လည်တည်ဆောက်ဖို့က ၂ နှစ်ကျော်လောက်ကြာနိုင်တာကြောင့် စီးတီးတာဝန်ရှိသူတွေက စဉ်းစားနေပါတယ်။

အခြားတစ်ဖက်မှာလည်း ဖာဂူဆန်တစ်ယောက် စီးတီးအသင်း ၂၀၁၂ တုန်းက ချန်ပီယံဖြစ်ချိန်မှာ ယူနိုက်တက်မှာ ၁ ရာသီထက်နေခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာကိုယ်တိုင်ကလည်း သူ့အနေနဲ့ လက်ရှိအချိန်ဟာ အသင်းကနေထွက်ခွာရမယ့်အချိန်မဟုတ်ဘူးဆိုတာကို သိထားတာဖြစ်ပါတယ်။
လာမယ့်ဇန်နဝါရီမှာ စီးတီးအနေနဲ့ လူအင်အားဖြည့်တင်းဖွယ်ရှိနေပြီး ရိုဒရီနေရာအတွက် ဆိုစီဒက်စတား ဇူဘီမန်ဒီ နဲ့ အတ္တလန္တာစတား အီဒါဆန်တို့ကို ပစ်မှတ်ထားနေပါတယ်။

စီးတီးဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ ပွဲကျပ်ကန်ရမှာဖြစ်ပြီး အမှတ်လျော့ချနိုင်ဖို့ အနိုင်ကန်ရမှာဖြစ်ကာ စီးတီးအနိုင်ရခဲ့ရင် ၅ မှတ်သာကွာဟတော့မှာဖြစ်ပေမယ့် လီဗာပူးအနိုင်ရခဲ့ရင် ၁၁ မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments