ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက အသင်းကွင်းလယ်ကစားသမား ဂွန်ဒိုဂန်နှင့် အသင်းကစားသမားများအကြား ပြဿနာမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဂွန်ဒိုဂန်သည် အောက်တိုဘာ ၂၈ ရက်က ကစားခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းဖော်များကို လူသိရှင်ကြား ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဂွန်ဒိုဂန် နှင့် ဘာစီလိုနာအသင်းဖော်များအကြား ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု သတင်းများလည်း ထွက်ပေါ် ခဲ့သည်။

သို့သော် ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက ဂွန်ဒိုဂန်နှင့် အသင်းကစားသမားများအကြား ပြဿနာမှာ ဖြေရှင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဝတ်လဲခန်းထဲမှာပဲ သူတို့ (ဂွန်ဒိုဂန်နှင့် ဘာစီလိုနာကစားသမားများ) ဆွေးနွေးပြီး ဖြေရှင်းပြီးသွားပါပြီ။ သူတို့အကြားမှာ ဘာပြဿနာမှမရှိပါဘူး”ဟု ဒေကို က ပြောကြားခဲ့သည်။






