Thursday, January 22, 2026
spot_img
spot_img

ဂျီးဆပ်စ် ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း အာဆင်နယ်အတည်ပြု

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ဟာ တနင်္ဂနွေနေ့က ယူနိုက်တက် နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒူးရဲ့ အရွတ် (ACL) စုတ်ပြဲဏ်ရာ ရရှိခဲ့ကြောင်း အာဆင်နယ်အသင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ နည်းပြ အာတီတာက အစောပိုင်းမှာတင် ဒဏ်ရာက “ကောင်းတဲ့ အခြေအနေမှာ မရှိဘူး” လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့စိုးရိမ်မှုတွေက အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ရှေ့ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကုသမှုနဲ့ ပြန်လည်ကောင်းမွန်လာစေရေး အစီအစဉ်ကို စတင်တော့မှာပါ။ အာတိတာက သူ့ရဲ့ စိုးရိမ်မှုကို ဖော်ပြခဲ့ပြီး “အခု ကျွန်တော်တို့ ပိုသိလာပါပြီ။ အခြေအနေက လုံးဝမကောင်းဘူး။ နောက်ထပ် ပညာရှင်တစ်ယောက်နဲ့ ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ပိုကောင်းတဲ့ သတင်းအချက်အလက်တွေ ရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

Arsenal confirm Gabriel Jesus has torn anterior cruciate ligament

ဂျီးဆပ်စ်ဟာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ဘောလုံးအတွက် ယှဉ်ပြိုင်ရင်း ပွဲချိန် ၄၀ မိနစ်မှာ ကွင်းထဲက ထွက်ခွာခဲ့ရတာပါ။ ဒီဒဏ်ရာဟာ ၂၀၂၂ ခုနှစ်တုန်းက သူ ACL ဒဏ်ရာရခဲ့တဲ့ ဒူးရဲ့အခြားတစ်ဖက်ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂျီးဆပ်စ်ကို အစားထိုးဖို့ ကစားသမားဝယ်ယူဖို့ ဖိအားပေးခံနေရသလားလို့ အာတီတာကို မေးမြန်းခဲ့ပါတယ်။ သူက “ကျွန်တော်တို့ အသင်းကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့အတွက် ဈေးကွက်ထဲမှာ တက်ကြွစွာ ရှာဖွေနေပါတယ်။ အမြဲတမ်း ရှာဖွေနေခဲ့တာပါ။ မရှာရင် မိုက်မဲရာကျပါလိမ့်မယ်။ ကျွန်တော်တို့ ရှာဖွေနေပြီး ကြိုးစားနေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာ ကြည့်ရမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ မကြာသေးမီကမှ ခြေစွမ်းပြန်ပြနိုင်ခဲ့ပြီး ဒီဇင်ဘာလမှာ သူ့ရဲ့ ပထမဆုံး လိဂ်ဂိုးတွေကို သွင်းယူနိုင်ခဲ့သလို ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာဟာ ဆာကာ၊ ဘန်ဝှိုက်၊ တိုမီယာဆု တို့ ပါဝင်တဲ့ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမားစာရင်းမှာ ထပ်မံ ပါဝင်လာခဲ့တာပါ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ဆုဖလားရည်မှန်းချက်အတွက် ဆက်လက်ယှဉ်ပြိုင်နေချိန်မှာ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားရမှာဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်မှာ အစားထိုး ကစားသမားတွေကို ရှာဖွေရတော့မှာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments