■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၂)
ဖရိုင်းဘတ် – လေဗာကူဆင် (တနင်္ဂနွေည ၉း၀၀ နာရီ)
လေဗာကူဆင်အသင်း ရလဒ်ဆိုးနေပြီး ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ခဲ့တယ်။ ကြားရက်မှာလည်း ယူရို ပါလိဂ်ပွဲကျပ်ကစားထားလို့ လေဗာကူဆင် ဖရိုင်းဘတ်ထက် ပွဲ ပိုပန်းနေတယ်။ ဖရိုင်းဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

ဘိုင်ယန်မြူးနစ် – အူန်ယွန်းဘာလင် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်းက ပြီးခဲ့တဲ့အပတ်က ထိပ်ဆုံး နေရာကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ အမှတ်ပေးဇ ယားအောက်ဆုံးက ရှော်လ်ကေးကို အနိုင်မကစားနိုင်ခဲ့လို့ လက်လွှတ်ခဲ့ရတယ်။ အခုတော့ မြူးနစ်မြေမှာ ဒီနေရာအတွက် အပြိုင်ဖြစ်နေတဲ့ ဘိုင်ယန်နဲ့ ထိပ်တိုက်ကစားရတော့မယ်။ အူန် ယွန်းဘာလင်အသင်း နှစ်သစ်မှာ အံ့အားသင့်စရာဖြစ်အောင် ရလဒ်ကောင်းတွေ ယူခဲ့ပေမဲ့ ကစားသမားအင်အား ကွာခြား မှုက အခုပွဲကို အဓိကအဆုံးအဖြတ်ပေးနိုင်တယ်။ ဘိုင်ယန်က အိမ်ကွင်း(၁၀)ပွဲမှာ (၄)ပွဲအထိ အမှတ်လျော့ခဲ့ပေမဲ့ နိုင်တဲ့ပွဲ တွေလည်း ဂိုးပြတ်တာများတယ်။ ဘိုင်ယန်ပဲကြိုက်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၂၅)
လော်ရီယန့် – အော်ဇေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
လော်ရီယန့်တို့ ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေပေမဲ့ ခြေစွမ်းတည်ငြိမ်မှုသိပ်မရှိပါဘူး။ ဒါပေမဲ့ အခုလိုအိမ်ကွင်းပွဲမှာ တော့ လော်ရီယန့် သေချာပေါက်အနိုင်ကစားမှာပါ။
အာယက်စီယို – ထရွိုင်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
တန်းဆင်းဇုန်ထဲက အာယက်စီယိုနဲ့ တန်းဆင်းဇုန်နားက ထရွိုင်စ်တို့ရဲ့ ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပါပဲ။ အိမ်ရှင်ဆိုပေ မဲ့ အာယက်စီယိုတို့ သရေလောက်ပဲမျှော်လင့်နိုင်မယ်။
ကလယ်မွန့်- စထရာဘိုး (တနင်္ဂနွေည ၈း၃၀ နာရီ)
ရှုံးပွဲတွေဆက်နေတဲ့ ကလယ်မွန့်တို့ အခုအိမ်ကွင်းပွဲမှာ အ စွမ်းကုန်အားထုတ်လာမှာပါ။ စထရာဘိုးကလည်း တန်းဆင်းဇုန် နဲ့ အဝေးရောက်ဖို့ ရုန်းကန်ပါလိမ့်မယ်။ သရေကျဖို့များတယ်။
နန့်စ် – ရန်းစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နန့်စ်ကဖိအားသိပ်မရှိဘဲ ပွဲတိုင်းကို ခပ်မှန်မှန်ပဲကစားနေ တယ်။ ရန်းစ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေ တဲ့အသင်းပါ။ အမှတ်ပိုလိုတဲ့ ရန်းစ်ကိုပဲရွေးထားချင်တယ်။
Reims – တူးလူး (တနင်္ဂနွေည ၈း၃၀ နာရီ)
အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့အသင်း (၂)သင်းဖြစ်ပြီး ခြေစွမ်းနဲ့ ရလဒ်ပိုင်းလည်း ကွာခြားမှုမရှိပါဘူး။ အပြန်အလှန်အမှတ်ခွဲယူသွားဖို့ရှိနေပါတယ်။
မိုနာကို – နိုက်စ် (တနင်္ဂနွေည ၁၀း၃၅ နာရီ)
ပြင်သစ်လီဂူးရဲ့ လက်ရှိ Form အကောင်းဆုံးအသင်း (၂) သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး မိုနာကိုက ချန်ပီယံဆုမျှော် လင့်ခွင့်အတွက် အားထုတ်နေတဲ့အသင်းပါ။ အကြိတ်အနယ်ရှိ နိုင်ပြီး အိမ်ရှင်အခွင့်အရေးရှိတဲ့ မိုနာကို ကပ်နိုင်သွားပါလိမ့်မယ်။
မာဆေးလ် – PSG (တနင်္လာနံနက် ၂း၁၅ နာရီ)
အစဉ်အလာနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ PSG အသင်းအ သာစီးရထားပေမဲ့ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ မာဆေးလ် ဟာ PSG အတွက် ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတစ်သင်းအ ဖြစ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အနီးစပ်ဆုံးတွေ့ဆုံမှုဖြစ်တဲ့ ပြင် သစ်ဖလားပွဲစဉ်မှာလည်း မာဆေးလ်အသင်းက အနိုင်ရထား လို့ အခုအမှတ်ပေးအိမ်ကွင်းပွဲစဉ်မှာလည်း မာဆေးလ်တို့ယုံ ကြည်မှုပိုနေနိုင်ပါတယ်။ ဒါ့ပြင် မာဆေးလ်အတွက် ချန်ပီယံဆု မျှော်လင့်ချင်တယ်ဆိုရင် အခုလိုပွဲမျိုးကို ကျော်ဖြတ်ပြဖို့လိုနေ တာအမှန်ပါ။ PSG အတွက်လည်း အရေးကြီးတဲ့ပွဲစဉ်ဆိုပေ မဲ့ မာဆေးလ်တို့ အမှတ်ရအောင်ယူပါလိမ့်မယ်။






