Thursday, January 22, 2026
spot_img
spot_img

ဂျာမနီအသင်းခေါင်းဆောင်ကို ဘာစီလိုနာသို့ ခေါ်ယူချင်နေတဲ့ ဟန်ဆီဖလစ်

လာမယ့်ရာသီအတွက် ဘိုင်ယန်မြူးနစ်အသင်းက ကင်မ်မစ်ချ်ကို ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ခေါ်ယူချင်နေပါတယ်။ SPORT မှ ဂျော်ဒီးဂီးလ်ရဲ့ ဖော်ပြချက်အရ ဂျာမနီနိုင်ငံသားဟာ ဖလစ်ရဲ့ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပြီး ဘာစီလိုနာရဲ့အားကစားစီမံခန့်ခွဲမှုအဖွဲ့ကလည်း အနာဂတ်အတွက် အာရုံစိုက်နေတာလည်းဖြစ်ပါတယ်။

ဆောင်းရာသီဈေးကွက်မှာ ကစားသမားဖြည့်တင်းခြင်း မလုပ်ဖို့အတွက် ဘာစီလိုနာက ဆုံးဖြတ်ထားပြီး လာမယ့်ရာသီအတွက်ကိုသာ ပြင်သင်နေတာဖြစ်ပါတယ်။ ဂျာမန်ဈေးကွက်သို့ ဘာစီလိုနာက ဝင်ရောက်မှာဖြစ်ပြီး ရာသီကုန်မှာ အလွတ်ဖြင့် ရရှိနိုင်မယ့် ထိပ်တန်းအရည်အချင်းရှိ ကစားသမားတွေကို ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

အဲ့ဒီထဲက ဖြစ်နိုင်ချေကတော့ ကင်မ်မစ်ချ်ဖြစ်ပြီး ကစားသမားရဲ့ နေရာစုံမှာ အသုံးဝင်မှုကို ဖလစ်က သဘောကျနေတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားကို ဥရောပရှိအသင်းတွေက အလိုရှိနေတုန်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။သို့သော်လည်း ဘိုင်ယန်မြူးနစ်ကတော့ စာချုပ်သက်တမ်းတိုးဖို့ လက်လျော့သွားမှာတော့ မဟုတ်ပါဘူး။

လက်ရှိဘာစီလိုနာမှာ သင့်တော်ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားတွေရှိနေပြီး ကာဆာဒို ရှိသလို ဘာနယ်ကလည်း ပြန်ကောင်းလာပြီဖြစ်ကာ ကင်မ်မစ်ချ်ဆိုတာက ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဗဟိုကွင်းလယ်နှင့် ညာနောက်တန်းနေရာအတွက်ပါ ကစားနိုင်တဲ့အတွက် ဖလစ်က ကင်မ်မစ်ချ်ကို သဘောကျနေတာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ညာဘက်ခံစစ်မှာ စိုးရိမ်စရာရှိနေပြီး ကွန်ဒီက တာဝန်အများကြီးယူထားရကာ လူငယ်ကစားသမား ဟက်တာဖော့ကလည်း ပုံမှန်ပွဲထွက်ရမှု မရှိနေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ဂျာမနီသားကို အသင်းမှာ ဆက်ရှိဖို့ စာချုပ်သက်တမ်းတိုးရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိပါတယ်။

ကင်မ်မစ်ချ်ရဲ့အနာဂတ်ကလည်း မသေချာနေသလို ငွေကြေးလည်း သုံးစွဲစရာမလိုတာကြောင့် ဘာစီလိုနာအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ ငွေကြေးသုံးစရာမလိုတဲ့ စွယ်စုံရ ကွင်းလယ်ကစားသမားတစ်ဦးကို ဘာစီလိုနာက ရရှိသွားနိုင်မယ့် အခွင့်အရေးရှိနေပြီး ကာလရှည်အစီစဉ်တွေနဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments