Thursday, January 22, 2026
spot_img
spot_img

ဂိုးသွင်းယူခဲ့တဲ့ မူလာကို ရှက်တာဒိုးနက်နဲ့ပွဲအပြီးမှာ ချီးကျူးလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီဟာ အင်္ဂါနေ့က ရှက်တာဒိုးနက် ကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်တွင် ပြိုင်ပွဲစုံ ၆ ကြိမ်မြောက်သာပွဲထွက်ခဲ့ရပြီး အကောင်းဆုံးကစားနိုင်ခဲ့တဲ့ အတွေ့အကြုံရင့်တိုက်စစ်မှူးသောမတ်မူလာအား ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်အကြာမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မူလာဟာ အဆိုပါပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးတွင် ဘိုင်ယန်မြူးနစ်က ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

“သူ့ရဲ့သွင်းဂိုးက အရည်အသွေးရှိပြီး သူ့ကစားသမားဘဝမှာ အမြဲတမ်းရှိခဲ့တဲ့ အရာတစ်ခုပါ။ မှန်ကန်တဲ့အခိုက်အတန့်မှာ သူကဂိုးကို ထိထိရောက်ရောက် သွင်းယူနိုင်ခဲ့ပါတယ်”
“ဒါက စွမ်းအင်၊ စိတ်အားထက်သန်မှု၊ ခေါင်းဆောင်မှုပေါ့။ ကျွန်တော်တို့အတွက် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တိုးတက်နေသေးတဲ့ လူငယ်ကစားသမားတွေကြား ကောင်းမွန်တဲ့ ဟန်ချက်ညီမှုရှိဖို့က အရမ်းအရေးကြီးပါတယ်” လို့ ပွဲအပြီးတွင် ကွန်ပနီက ပြောကြားခဲ့ပါတယ်။

Kompany praises Muller after Shakhtar Donetsk goal 

ဒီရာသီမှာ သူရဲ့ အခန်းကဏ္ဍ အနည်းငယ်မျှသာ ပါဝင်နေသော်လည်း ကွန်ပနီဟာ အသင်းအတွက် အတွေ့အကြုံရင့် ကစားသမား တစ်ဦးရှိခြင်းရဲ့ အရေးပါမှုကို အလေးပေး ပြောကြားလိုပါတယ်။ “တစ်ခါတလေ တစ်ရာသီလုံး မိနစ်တိုင်းမဟုတ်ပေမယ့် တခါတရံ ကစားနေရရင်တောင် သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ အမြဲတမ်း ရှင်းရှင်းလင်းလင်း ဖြစ်နေပါတယ်”

“သူ့မှာ အတွေ့အကြုံအများကြီးရှိလို့ ဒီအချိန်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူသိပါတယ်” “သူက ပွဲတစ်ပွဲကို လှည့်စားနိုင်ပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ကစားရတာကြောင့် ပြိုင်ဘက်တွေက အခွင့်အရေးမပေးဘဲ အမြဲတမ်း အသာစီးရနိုင်တဲ့ ပွဲမျိုးဆိုတာ မဖြစ်နိုင်ပါဘူး”

“အဲဒီအခိုက်အတန့်မှာ သူ့ရဲ့အခွင့်အရေးဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ အရာတစ်ခုကို လုပ်ခဲ့ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့က အသာစီးရပြီး ကောင်းကောင်းကစားခဲ့ကာ အရေးကြီးတဲ့အခိုက်အတန့်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments