ဆီနီဂေါလက်ရွေးစင်အသင်းဂိုးသမား အက်ဒူအာမန်ဒီသည် ယခုရာသီအတွင်း စွမ်းဆောင်ရည် အတက်အကျများခဲ့သော်လည်း သူနှင့်ပတ်သက်ပြီး သံသယလုံးဝမရှိကြောင်း ဆီနီဂေါအသင်းနည်းပြ အလီယူဆီဆေးက မှတ်ချက်ပြုခဲ့သည်။

မီဒီယာများနှင့်တွေ့ဆုံမှုတွင် ချယ်လ်ဆီးအသင်း၌ မန်ဒီ၏ အတက်အကျများနေမှုအပေါ် မေးမြန်းခဲ့ရာ ဆီဆေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

”သူဟာ ကမ္ဘာ့အကောင်းဆုံးထဲက တစ်ဦးပါ။ အခုထိလည်း ဒီအတိုင်းပါပဲ။ သူ့အနေနဲ့ ထိပ်တန်းဂိုးသမားတွေထဲက တစ်ဦးဆိုတာကို ကမ္ဘာ့ဖလားမှာ သက်သေပြမယ်ဆိုတာ သေချာပါတယ်”ဟု ဆီဆေးက ပြောကြားခဲ့သည်။

မန်ဒီသည် ဆီနီဂေါအသင်းအတွက် (၂၅)ပွဲ ကစားပေးထားသူဖြစ်သည်။






