Saturday, February 7, 2026
spot_img
spot_img

ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူးတွေ နဲ့ ပတ်သက်ပြီး အာဆင်နယ် နည်းပြ အာတေတာ ထုတ်ဖော် ပြောဆို

အာဆင်နယ် နည်းပြ အာတေတာ ကတော့ အသင်း ရလဒ်ကောင်းတွေ ပြန်ရဖို့ရာ တိုက်စစ်မှူးတွေရဲ့သွင်းဂိုးတွေကို လိုအပ်ကြောင်း ဆိုလိုက်ပြီး ဂျေးဇု နဲ့ အန်ကီတီးယား တို့ ဂိုးပေါက် ပျောက်နေမှု အပေါ် မှတ်ချက် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ ဂျေးဇု နဲ့ အန်ကီတီးယား တို့ နှစ်ဦးစလုံးဟာ နောက်ဆုံး ၆ ပွဲဆက် ဂိုးသွင်း နိုင်ခဲ့ခြင်း မရှိ ဖြစ်နေပါတယ် ။ တိုက်စစ် ကစားသမားတွေ ရဲ့ ဂိုးပေါက် ပျောက်နေမှု နဲ့ အတူ အာဆင်နယ် အသင်းဟာ သွင်းဂိုးတွေ ရဖို့ ရုန်းကန် နေခဲ့ရပြီး ရလဒ်ပိုင်းကိုပါ အနည်းငယ် ထိခိုက်မှု ရှိလာခဲ့ပါတယ် ။

အဆိုပါ ၆ ပွဲမှာ အာဆင်နယ် အသင်းဟာ တစ်ဂိုးထက် ပိုသွင်း နိုင်ခဲ့တဲ့ ပွဲ တစ်ပွဲ ပဲ ရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ၂ ပွဲမှာ ဆောက်သမ်တန် နဲ့ သရေ ၊ ပီအက်စ်ဗွီ အသင်း ကို ၂ ဂိုးပြတ် အရေးနိမ့် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီကနေ့မှာတော့ အမှတ်ပေး ဇယား အောက်ဆုံးက တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ နည်းပြ အာတေတာ ကတော့ နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တိုက်စစ်မှူးတွေကို ခုလို သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

” ကျွန်တော်တို့ သွင်းဂိုးတွေ လိုအပ် ပါတယ် ၊ ရှေ့တန်း ကစားသမားတွေဆီ ကနေ သွင်းဂိုးတွေ လိုအပ်ပါတယ် ၊ ပွဲတွေ အနိုင်ရဖို့ ဂိုးရလဒ် ကွာခြားချက် ကြီးမားဖို့ တိုက်စစ်မှူးတွေဆီက သွင်းဂိုးတွေ ရဖို့ လိုပါတယ် ။ ”

” သွင်းဂိုးတွေ ကင်းမဲ့နေမှုကနေ ရပ်တန့် နိုင်မှပဲ ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာကို ရောက်မှာ ဖြစ်ပြီး အနိုင်ရလဒ် ရရှိမှာ ဖြစ်ပါတယ် ။ အက်ဒီရော ဂျေးဇု ရော ခုလို ငါးပွဲဆက် ဂိုးပေါက်ပျောက်နေတာမျိုးက သူတို့ ကစားသမား ဘဝ မှာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ ”

” အဲ့ဒီလို ဂိုးပေါက်ပျောက်နေတာမျိုးက ကျွန်တော် သိတဲ့ တိုက်စစ်မှူး တိုင်း ဖြစ်ခဲ့ဖူးပါတယ် ၊ ဂိုးပေါက်ပျောက်နေတာကို ဖြေရှင်းဖို့က တိုက်စစ်မှူးတွေရဲ့ တာဝန် ပါ ။ ကျွန်တော်တို့ က အိမ်ကွင်းမှာဆို အရမ်းကောင်းအောင် ကစားနိုင်တဲ့ အသင်းပါ ၊ ခင်ဗျားတို့ အရင်ပွဲတွေကနဲ့ မတူတဲ့ ကျွန်တော်တို့ အသင်းကို တွေ့မြင် ရပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments