Saturday, February 7, 2026
spot_img
spot_img

ဂါဘရီရယ် ရဲ့ ဒဏ်ရာအခြေအနေ ၊ ခီဝီယော ရဲ့ ပွဲဦးထွက် ခြေစွမ်းနဲ့ ပတ်သက်ပြီး အာတီတာ ဘာပြောခဲ့သလဲ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ကတော့ ချဲလ်ဆီး နဲ့ ပွဲက ပိုလန် လက်ရွေးစင် နောက်ခံလူ ခီဝီယော ရဲ့ ပွဲဦးထွက် ခြေစွမ်း ကို အားရ ကျေနပ် မိတယ်လို့ ဆိုလိုက်ပြီး ဂါဘရီရယ် ရဲ့ ဒဏ်ရာ အခြေအနေ ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ မန်စီးတီး နဲ့ ပွဲက လူစာရင်း ကို ၃ နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဟိုးလ်ဒင်း နေရာ ခီဝီယော ၊ ပါတေး နေရာ ဂျော်ဂျင်ဟို ၊ မာတင်နယ်လီ နေရာ ထရောဆက်ဒ် တို့ကို အသုံးပြု ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ အာဆင်နယ် အသင်းကို ရောက်လာတဲ့ ခီဝီယော အတွက်တော့ ပရီးမီးယားလိဂ် မှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့်ရတာ ဖြစ်ပါတယ် ။

ခီဝီယော ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ဆလီဘာ ကစားနေကြ နေရာ ဖြစ်တဲ့ ညာခြမ်း ဗဟိုခံစစ်မှာ ကစားခဲ့တာ ဖြစ်ပီး အာတီတာ ကတော့ ပိုလန်သားရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။ ” ဒါပေါ့ဗျာ ၊ သူတို့ရဲ့ ကစားပုံကို အားရကျေနပ် ပါတယ် ၊ အထူးသဖြင့် ခီဝီယော က ပရီးမီးယားလိဂ်မှာ ပွဲထွက် မကစားဖူးသေးဘဲနဲ့ ထိပ်တန်း ကစားသမားတွေနဲ့ ရင်ဆိုင် ကစားခိုင်းခဲ့တာက သူ့အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုတော့ ဖြစ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျနော်တို့ သူ့အပေါ် ယုံကြည်မှု ပေးခဲ့ပါတယ် ၊ သူကလည်း ဂါဘရီရယ် နဲ့ တွဲဖက်ပီး အတွဲညီညီ ကစား နိုင်ခဲ့ပါတယ် ၊ ဂျော်ဂျင်ဟို ကြောင့်လည်း ကွင်းလယ် က ပိုမို ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ် ၊ ကျနော့် အသင်းသားတွေရဲ့စွမ်းဆောင်ရည်အပေါ် အားရ ကျေနပ်မိပါတယ် ။ ”

ချဲလ်ဆီး နဲ့ ပွဲမှာ ဂန်းနားတို့ရဲ့ အဓိက နောက်ခံလူ ဂါဘရီရယ် ဟာ ဒဏ်ရာ ရသွားခဲ့ပြီး ဟိုးလ်ဒင်း နဲ့ လူစား လဲ ခဲ့ရပါတယ် ။ အာတီတာ က ဂါဘရီရယ် ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် ” ကျနော် မသိပါဘူး ၊ သူ နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ် လောက် ဆက်ကစားဖို့ ကြိုးစား ခဲ့ပါတယ် ၊ ဒါပေမယ့် သူ ဆက်ကစားဖို့ အဆင်မပြေတော့တာကြောင့် လူစားလဲ လိုက်ရတာပါ ၊ ဂါဘရီရယ် က ဒါမျိုး ဖြစ်ခဲပါတယ် ၊ ဘာလို့ဆို သူက ဖိုက်တာကြီး​​လေ ၊ ဒါပေမယ့် ဘာဖြစ်တာလဲ ဆိုတာ ကျနော် မသိပါဘူး ။ ”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments