Thursday, January 15, 2026
spot_img
spot_img

ဂါနာချိုကို ယူရို(၄၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တဲ့ နာပိုလီ

စီးရီးအေကလပ် နာပိုလီအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ကနဦး ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

နာပိုလီက သူတို့ရဲ့ ဂျော်ဂျီယာ တောင်ပံကစားသမားဖြစ်သူ ခွာရတ်စကယ်လီယာကို အခုဈေးကွက်အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းဆီ ရောင်းချသွားရတော့မှာ ဖြစ်တာကြောင့် ဒီကစားသမားနေရာအတွက် တောင်ပံကစားသမားတစ်ဦးကို အသင်းဆီ ပြန်လည် အားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် နာပိုလီက ယူနိုက်တက်ရဲ့ အသက်(၂၀)အရွယ် တောင်အမေရိက တောင်ပံကစားသမား ဂါနာချိုကို ပစ်မှတ်ထားလာခဲ့သလို ကမ်းလှမ်းမှုတွေလည်း စတင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ သူတို့ကစားသမားအတွက် နာပိုလီ ကမ်းလှမ်းလာတဲ့ ယူရို(၄၅)သန်း ပေါင်အားဖြင့်ဆိုရင် ပေါင်(၃၈)သန်းထက် ပေါင်သန်း(၆၀)အထက်လောက်အထိ အလိုရှိနေပါတယ်။

Napoli make €45m bid for Garnacho

ဂါနာချိုက ယူနိုက်တက်အတွက် အလားအလာရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်က ဘဏ္ဍာရေး အခြေအနေတွေကြောင့် homegrown players တချို့ကို အသင်းကနေ ရောင်းထုတ်သွားရနိုင်ပြီး ဂါနာချိုဟာလည်း ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်လို့ homegrown player လည်း ဖြစ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်တုန်းက အသင်းရဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရမှုကို ဂါနာချိုက မကျေမနပ် ဖြစ်နေသလို အဲ့ဒီနောက်ပိုင်းကတည်းက ပွဲထွက်စာရင်းမှာတောင် ပါဝင်နိုင်ခြင်း မရှိတော့တဲ့အပေါ် စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဂါနာချိုက အာဆင်နယ်နဲ့ ပွဲမှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ရင်း ဖာနန်ဒက်စ် ဂိုးကိုပါ ဖန်တီးပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းက ကစားသမားတွေထဲ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုသာ အသင်းကနေ သေချာပေါက် ရှင်းထုတ်တော့မှာ ဖြစ်ပေမယ့် ဂါနာချိုအပါအဝင် ကစားသမား အချို့ကိုတော့ အခု ဈေးကွက်ထဲမှာ ရှင်းထုတ်သွားဦးမှာ မဟုတ်ဘဲ ရာသီကုန်အထိ ကစားသမားတွေရဲ့ ခြေစွမ်းတွေကို လေ့လာ အကဲခတ်သွားဖွယ် ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments