Thursday, January 15, 2026
spot_img
spot_img

ဂန်းနား ကြယ်ပွင့်ကို ဒေး‌ဗစ်ဘက်ခမ်း နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့တဲ့ မာဖီ

လီဗာပူး အသင်း ရဲ့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ က ဘရိုက်တန် အသင်းကို အာဆင်နယ် အသင်း ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဂန်းနား ကပ္ပတိန် အော်ဒီဂတ် ကို ကြည့်ရတာ ဒေးဗစ်ဘက်ခမ်း ကိုတောင် အမှတ် ရမိတယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

” အာဆင်နယ် အသင်း ရဲ့‌သိပ်ကို ပြောင်မြောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြားမှာ ကျနော် အကြိုက်ဆုံး ကစားသမားကတော့ မာတင် အော်ဒီဂတ်ပါပဲ ။ အာဆင်နယ် အသင်း ရဲ့ အထင်ကြီးစရာကောင်းတဲ့ နိုင်ပွဲ ကို သူက ပုံဖော် ထုဆစ် သွားခဲ့တာပါ ။ ”

” သူ ဦးဆောင်တဲ့ အသင်းကို ကြည့်ရတာ ဒေးဗစ် ဘက်ခမ်း ကပ္ပတိန် အဖြစ် ဦးဆောင်တဲ့ အသင်းမှာ ကျနော် ပါဝင် ကစားခဲ့ရသလိုမျိုး ခံစားရတယ် လို့ ပြောတာက ချီးကျူးတဲ့ စကားဆိုတာထက်ကို ပိုပါတယ်။ သူ့ရဲ့ လေ့ကျင့်မှု ၊ ကစားပုံ ၊ အပြုအမူတွေ အပေါ် အားလုံးက လေးစားကြပါတယ် ၊ သူက အော်ဟစ် ကြိမ်းမောင်းတတ်တဲ့ ကပ္ပတိန် မဟုတ်လည်း ကိစ္စ မရှိပါဘူး ။ ”

” သူ ဘယ်နေရာ သွားသွား ကျနော်တို့က လိုက်ရဲတဲ့ ကစားသမားတွေပါ ၊ အသင်းက နာမည်ကြီးတဲ့သူတွေတောင် မာနကြီးတဲ့ ကစားသမားတွေတောင်မှပေါ့ ။ အော်ဒီဂတ် ကို ကြည့်တော့ အဲ့တာတွေ အားလုံး တွေ့ရပါတယ် ၊ အာတီတာ က သူ့ကို ကပ္ပတိန် အဖြစ် ပေးတော့ ကျနော် အံ့ဩ ခဲ့မိပါသေးတယ် ။ ဒါပေမဲ့ အခုတော့ ကျိုးကြောင်း ဆီလျော်မှု လုံးဝ ရှိတယ် ဆိုရမှာပေါ့ဗျာ ။ ”

” နော်ဝေသား က Amex မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည် ကို ပြ သခဲ့သလို အာဆင်နယ် အသင်းကလည်း နိုင်ရမယ့် ပွဲကို အထင်ကြီးစရာ ကောင်းလောက်အောင် ကစားပြီး နိုင်အောင် ကစားခဲ့ပါတယ် ။ အခုတော့ သူတို့ သွင်းဂိုး အများဆုံး ၊ ပေးဂိုး အနည်းဆုံး အသင်း အဖြစ်နဲ့ ထိပ်ဆုံးကို ရောက်လာခဲ့ပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments