Wednesday, February 11, 2026
spot_img
spot_img

ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်၍ ရာသီကုန်အထိ နေမာ အနားယူရမည်

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ရာသီကုန်အထိ ဘောလုံးပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ (၃)လမှ (၄) လဝန်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

နေမာသည် ဖေဖော်ဝါရီလအတွင်းက လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ကာလရှည်အနားယူရဖွယ်ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ယခုအခါ PSG အသင်းက ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်သောကြောင့် (၃)လမှ (၄)လအထိ ဘောလုံးကစားနိုင်မည်မဟုတ်ကြောင်း အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။

PSG အသင်း၏ ကြေညာချက်တွင် ” နေမာ၏ ညာဘက်ခြေချင်းဝတ်မှာ ဒဏ်ရာပြဿနာများစွာရှိနေကြောင်း၊ ဖေဖော်ဝါရီ (၂၀)ရက်၌ နောက်ဆုံးဒဏ်ရာရရှိခဲ့အပြီးတွင် ကျွမ်းကျင်သူများက ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ဒိုဟာမြို့မှ ASPETAR ဆေးရုံတွင် ခွဲစိတ်သွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ရန် (၃)လမှ (၄)လအထိ အနားယူရမည်ဖြစ်ကြောင်း” ပါရှိခဲ့သည်။

နေမာသည် လာမည့်နွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်နေသူဖြစ်၍ PSG အတွက် ပြန်ကစားခွင့်ရဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ရှိလာခဲ့သည်။

၎င်းကမူ ပိုမိုသန်မာစွာ ပြန်လာမည်ဟု Instagram တွင် ရေးသားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments