Monday, February 9, 2026
spot_img
spot_img

ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဘရာဇီးလ်အသင်း ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပီလီ ပြောကြား

ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ်အထိ စံချိန်တင်ရရှိထားသည့် ဘရာဇီးလ်ဂန္ထဝင် ပီလီက မိမိတို့ဘရာဇီးလ်အသင်းအနေဖြင့် ကာတာနိုင်ငံတွင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြောက်ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ထိထီသည် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင် ပွဲဝင်မည့် အသင်းကစားသမား ၂၆ ဦးစာရင်း ကို အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ ပြီး ယင်းလူစာရင်းအပေါ် ယုံကြည်မှုအပြည့် ရှိကြောင်းလည်း ပီလီက ပြောကြားခဲ့သည်။

အသက် ၈၂ နှစ်အရွယ်ရှိ ပီလီသည် ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဘရာဇီးလ်အသင်းနှင့် ချန်ပီယံဆုကို သုံးကြိမ် ရယူဖူးပြီး ဘောလုံးသမားသမိုင်းတွင် အဆိုပါမှတ်တမ်းကိုပိုင်ဆိုင်သည့် တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

ဘရာဇီးလ်အသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားလျက်ရှိရာ ပီလီက ဘရာဇီးလ်အနေဖြင့် ရေပန်းစားသည့်အတိုင်း ချန်ပီယံဆုကို ရယူနိုင်မည်ဟု သူ၏ Instagram တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ပီလီသည် ဘရာဇီးလ်အသင်း ၏ အဝါရောင်ဂျာစီကို ဝတ်ဆင်ထားသည့် သူ၏ဓာတ်ပုံနှင့်အတူ “ကျွန်တော် ဘရာဇီးလ် ဂျာစီကို နောက်ဆုံးဝတ်ဆင်ခဲ့တုန်းက အသင်းရဲ့တံဆိပ်အထက်မှာ ကြယ်သုံးပွင့်ပဲ ရှိခဲ့တာပါ။ အခု ကျွန်တော်တို့ဂျာစီမှာ ကြယ်ငါးပွင့်ရှိနေပါပြီ။ ခြောက်ခုမြောက် ကြယ်ပွင့်ကို တပ်ဆင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး”ဟု Instagram တွင် ရေးသားခဲ့သည်။

ပီလီသည် နောက်ပိုင်းနှစ်များတွင် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း လူမှုကွန်ရက်များမှတစ်ဆင့် သူ၏အမြင်ကို ထုတ်ဖော်လေ့ရှိပြီး ဘရာဇီးလ်အသင်းအနေဖြင့် နိုင်ငံကို ဂုဏ်တက်အောင် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်နေသည်။ ပီလီက “ထိထီ ရွေးချယ်ထားတဲ့ အသင်းအပေါ် ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားမှာ ကံကောင်းဖို့ ကျွန်တော် ဆုတောင်းနေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲခဲ့သည်မှာ ဂျပန်နှင့် တောင်ကိုရီယားတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားတွင်ဖြစ်ပြီး ဗိုလ်လုပွဲ၌ ဂျာမနီအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဘရာဇီးလ်အသင်းသည် ၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားတို့တွင် ကွာတားဖိုင်နယ်၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်နှင့် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင်လည်း ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments