Thursday, January 15, 2026
spot_img
spot_img

ချဲလ်ဆီးတို့ ထုတ်ရောင်းပြီး နောင်တရနေမယ့် စတား တဦးရဲ့ အမည်ကို ထုတ်ဖော်ရင်း ၊ လာမယ့် ရာသီမှာလည်း တိုးတက်ဦးမှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားတဲ့ ဂရေမီ ဆောင်းနက်စ်

ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ စျေးကွက် အတွင်း ကစားသမား အယောက်ပေါင်းများစွာ ထွက်ခွာခွင့် ပေးထားပြီး ၊ အထင်ကရတွေထဲက တဦး ထုတ်ရွေးရရင်တော့ အကယ်ဒမီထွက် ကွင်းလယ်လူ မေဆင်မောင့် မန်ချက်စတာ ယူနိုက်တက်သို့ ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့သွားတာကို ရွေးရမှာ ဖြစ်ပါတယ် ။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတာကြောင့် မောင့်ကို ထွက်ခွာခွင့်ပေးလိုက်တာဟာ မှားယွင်းတယ်လို့ တချို့အတွက် ယူဆနိုင်စရာရှိပါတယ် ။ လီဗာပူး နည်းပြဟောင်း ဂရေမီ ဆောင်းနက်စ်ဟာလည်း ထိုအထဲမှာ တဦးအပါအဝင် ဖြစ်ပြီး ၊ Sky Bet Fan Hope Survey နဲ့ တွေ့ဆုံရာမှာ ဒီအကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဆောင်းနက်စ် က ” ချဲလ်ဆီးရဲ့ အကြီးမားဆုံး ပြိုင်ဖက် တသင်းဆီ ပြောင်းသည်ဖြစ်စေ ၊ မပြောင်းသည်ဖြစ်စေ ၊ မေဆင်မောင့်ကို ထွက်ခွာခွင့် ပေးခဲ့တာက မှားတယ်လို့ ကျွန်တော် ထင်ပါတယ် ။ မေဆင်မောင့်ကို ကျွန်တော် ကြိုက်ပါတယ် ။ ”

” အသက်အရွယ်အရရော ၊ ချဲလ်ဆီးနဲ့ သူ့ အကြားက သမိုင်းကြောင်း ၊ ငယ်စဉ်ကတည်းက ချဲလ်ဆီးမှာ ကစားခဲ့တာ ၊ သူ့ရဲ့ အရည်အသွေးတွေအရ သူဟာ အခုထက် ပိုကောင်းလာဖို့ပဲ ရှိပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဆောင်းနက်စ် က လာမယ့်ရာသီ နည်းပြသစ် ပိုချက်တီနို လက်ထက်မှာလည်း ချဲလ်ဆီးဟာ ထူးခြားပြောင်းလဲသွားမယ် မထင်ကြောင်းကို ” ဒီနှစ်မှာမှ ချဲလ်ဆီး မန်နေဂျာ လုပ်ရတာက အင်မတန်မှ ခက်ခဲတဲ့ အလုပ် ဖြစ်ပါတယ် ။ ဒီကလပ်နဲ့ သူတို့ သွားထားတဲ့ လမ်းကြောင်းကို ကြည့်ပါ ။ သူတို့မှာ ရှိနေတာက သဟဇာတ မဖြစ်သလို ၊ မတန်တဆ ကြေးများလွန်းတဲ့ ကစားသမား တအုပ်သာ ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးဟာ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကြောင့် ကစားသမားတွေကို ပရီမီယမ် လစာမျိုးတွေ ပေးနေခဲ့တာပါ ။ ဒီနှစ်မှာလည်း ရှေ့နှစ်ကထက် ထူးခြားပြီး သူတို့ လုပ်ပြနိုင်မယ်လို့ ကျွန်တော် မမြင်မိပါဘူး ။ ဒါက အရမ်း ခက်ခဲပါလိမ့်မယ် ။ ”

” ခင်ဗျားမှာ သီယာဂို ဆေးလ်ဗားလို ကစားသမား တဦး ရှိနေတဲ့အခါ ၊ ခင်ဗျားဟာ သူ့ဆီက အပတ်တိုင်း ထိပ်တန်း စွမ်းဆောင်ရည် ရမှာမဟုတ်ပါဘူး ။ ဒါမျိုးက ဖြစ်လာမှာ မဟုတ်ပါဘူး။ သူဟာ အသက်အရွယ်အရ ဒဏ်ရာတွေ ၊ ကြွက်တက်တာမျိုးတွေ ၊ ကြွက်သားတင်းတာမျိုးတွေ အစရှိတဲ့ အခက်အခဲတွေ ကြုံပါလိမ့်မယ် ။ ”

” ဒီနေရာက သူတို့ အနေနဲ့ အင်အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်တဲ့နေရာ ဆိုတာ ရှင်းနေပါတယ် ။ ခင်ဗျားရဲ့ ခံစစ်က ဂိုးတွေ ပေးနေရပြီဆိုရင် အသင်းရဲ့ ယုံကြည်မှုက ကျဆင်းလာမှာ ဖြစ်ပြီး ၊ ဒါက ကစားသမားတိုင်း အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ် ။ ”

” ခင်ဗျားမှာ ဟယ်ရီကိန်းလို ဂိုးတွေ ပုံမှန် သွင်းပေးနိုင်မယ့် တိုက်စစ်မှူး တဦး ရှိနေရင် ၊ သူဟာ ခင်ဗျားကို တနှစ်မှာ ပွဲအများအပြား အနိုင်ရဖို့ ကူညီပေးနိုင်ပါတယ် ။ ဒီယုံကြည်မှုက ခင်ဗျားရဲ့ အသင်းမှာ ကိန်းအောင်းနေပါလိမ့်မယ် ။ ချဲလ်ဆီး အတွက်တော့ ဒီလို ဂိုးတွေ ပေးနေရတာက ပြောင်းပြန်အကျိုးသက်ရောက်ခြင်းပါ ။ သူတို့ရဲ့ ယုံကြည်မှုကလည်း ဒီလားရာအတိုင်း သွားပါလိမ့်မယ် ။ ”

” လီဗိုင်း ကိုဝဲလ် အတွက် ချဲလ်ဆီးလို အသင်းမျိုးမှာ အသက် ၂၀နှစ် အရွယ်တည်းနဲ့ ပုံမှန် ခြေစွမ်းပြ စွမ်းဆောင်ပေးဖို့ ဆိုတာ ကြီးမားတဲ့ တောင်းဆိုမှု တရပ် ဖြစ်ပါလိမ့်မယ် ။ ကျွန်တော့ရဲ့ ဘောလုံး အတွေ့အကြုံအရ ခင်ဗျားသာ အသင်းမှာ အတွေ့အကြုံရင့် ကစားသမားမျိုး လိုအပ်တဲ့ နေရာကို ပြပါဆိုရင် ဒါက ဗဟိုခံစစ်မှာသာ ဖြစ်ပါတယ် ။ ”

” ခင်ဗျားသာ ကွင်းပြင်မှာ အစွန်နောက်ခံလူ တယောက် အဖြစ်နဲ့ ကစားပြီး အမှား တခုခု လုပ်မိခဲ့မယ်ဆိုရင် ကိုယ့်အသင်းဖော် ခံစစ်မှူးက အနောက်ကနေ အမှားဖို့ပေးမှာကို လိုချင်မှာပါပဲ ။ ဗဟိုခံစစ်မှာ ခင်ဗျား အမှားလုပ်မိမယ်ဆိုရင် ဒါက ခင်ဗျားရဲ့ ဂိုးပေါက်ကို ကန်သွင်းဖို့ ကြိုးစားအားထုတ်ခွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ ။ ဒါကြောင့် ဒီနေရာက ခင်ဗျား အတွက် အတွေ့အကြုံရင့်တွေ လိုအပ်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments