Tuesday, January 20, 2026
spot_img
spot_img

ချဲလ်ဆီးက ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ခြင်းမရှိသေးဘူးလို့ ဝန်ခံလာတဲ့ ကိုးလ်ပယ်လ်မာ

ကြာသပတေးညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့ရပေမယ့် ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာက အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ပယ်လ်မာဟာ ၂၀၂၄ ခုနှစ်၊ ပရီးမီးယားလိဂ် ၂၆ ဂိုးမြောက်ကို သွင်းဂိုးအဖြစ် ပထမပိုင်းမှာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်လည်ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ ပယ်လ်မာက အသင်းဟာ ဒုတိယပိုင်းကစားပုံ ညံ့ဖျင်းခဲ့ကြောင်းနဲ့ ယခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ခြင်းမရှိတာ ပေါ်လွင်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။

အသက်-၂၂ နှစ်အရွယ်ကစားသမားက “ပွဲပြီးကာနီးမှ အရှုံးပေးလိုက်ရတာ နာကျင်စရာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘောလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဖူလ်ဟမ်က တိုက်ရိုက်တိုက်စစ်ဆင်ကစားရာမှာ အရမ်းကောင်းတဲ့အသင်းပါ။ ပွဲကို မထိန်းနိုင်ခဲ့လို့ သူတို့ရဲ့ဗျူဟာထဲကို ကျရောက်ခဲ့ရပြီး ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါတယ်”

Chelsea lost 2-1 to Fulham at Stamford Bridge.

“ဒီပွဲမှာ သူတို့ကပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ လာမယ့်ရက်အနည်းငယ်မှာပဲ နောက်ထပ်တစ်ပွဲကစားရဦးပါမယ်။ ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ အနိုင်ရမှာမဟုတ်ဘူးဆိုတာတော့ သိထားပါတယ်။ ရာသီအစမှာကတည်းက ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့လူတွေမဟုတ်ဘူးလို့ လူတိုင်းပြောခဲ့ကြပါတယ်။ မန်နေဂျာကလည်း ဒီလိုပဲပြောခဲ့ပြီး ဒါက အသင်းအတွက် သင်ယူနိုင်ဖို့ အခွင့်အရေးပဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ ဒီပွဲမှာတော့ ဖူလ်ဟမ်က ပိုကောင်းခဲ့ပါတယ်။ သူတို့အတွက် ဂုဏ်ယူပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ရလဒ်အပြီး ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်သေးပေမယ့် စနေနေ့မနက်မှာ အာဆင်နယ်သာ အစ်ဆွစ်ချ်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ တတိယနေရာသို့ ဆင်းပေးသွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ထိပ်ဆုံးက လီဗာပူးနဲ့လည်း ရမှတ် ၇ မှတ်အထိကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။

လာမယ့်တနင်္လာနေ့မှာတော့ ချဲလ်ဆီးဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးပွဲစဉ်အဖြစ် အစ်ဆွစ်ချ်တောင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments